6

4.4K 298 21
                                    


#Unicode








#Unicode



ရှောင်ကျန့်လည်း ကောင်လေးကို ကားပေါ်သေချာတင်ပေးရင် စကားစလိုက်သည်.။.

"ကောင်လေး မင်းကို ခွင့် ၅ရက်ပေးမယ် အလုပ် မလာနဲ့တော့"

"ဟမ် မဟုတ်တာအစ်ကိုရယ် ကျွန်တော် အဲ့‌လောက်လဲနားစရာမလိုဘူး ပြီးတော့ အလုပ်ရှင်က ခွင့်ပေးဦးမှာလေဗျာ"

အော် ငါ့နှယ့် CEOကခွင့်ပေးတာတောင် ခွင့်ပြုဦးမှတဲ့

" ကိုယ်က အလုပ်ရှင်လေ"

"ဗျာ "

"အာ.. ကိုယ်ပြောချင်တာက ကောင်လေးနဲ့ ၀င်တိုက်မိတဲ့သူက CEOလေ
ကိုယ်က..အတွင်းရေးမှူး.. ဟုတ်တယ် အတွင်းရေးမှူး အဲ့တော့ ကိုယ်ပြောပေးမယ် လို့ပြောတာ"

သူ‌ဌေးရဲ့စကားလည်းကြားရော ကားမောင်းသမားကြီးမှာမျက်လုံးပြူးကာ ပါးစပ်အဟောင်းသား... ။

ငါတို့သူဌေးလေး နေ့ချင်းညချင်း ရူးသွားတာလား..

"မဟုတ်ပါဘူး ကျွန်တော်ကြားတာ ကိုယ်က အလုပ်ရှင်လို့ပြောလိုက်တာပါ "

"မဟုတ်..မဟုတ်ပါဘူး ကိုယ်ပြောလိုက်တာ တမျိုးပါ ကောင်လေး ခြေထောက်ကနာတာ နားပါမကောင်းတော့ဘူးလား"

ရိပေါ်လဲ အူလည်လည်လေးနဲ့

* ကျွန်တော်သေချာပေါက်ကြားလိုက်တာပါ*

ဆိုပြီးမငြင်းချင်တော့တာနဲ့ ငြိမ်ငြိမ်ပဲ နေလိုက်တော့သည်...။

ပြိုင်မငြင်းချင်တော့ ကိုကိုနဲ့ဆိုပြိုင်ငြင်းချင်ငြင်းဦးမှာ အခု သူက ကိုယ့်ဒဏ်ရာကို ဆေးခန်းပြပေးတဲ့သူလေ ငြိမ်ငြိမ်လေးသာလိုက်ခဲ့တော့သည်။

" ကောင်လေးကဘယ်မှာနေတာလဲ"

"ဟိုဟာ အလုပ်ကိုအရင်ပြန်ရအောင်လေ ကျွန်တော် ဖုန်းရော အိတ်တွေပါအကုန်ကျန်ခဲ့လို့"

"မရပါဘူး တိုက်ခန်းမှာပဲနားနားနေနေ နေပါ ကိုယ်ယူပြီးလာပို့မှာပေါ့"

"ဗျာ အဲ့လိုရတယ်လား"

"သိပ်ရတာပေါ့"

"အွန်း အဲ့ဆို ---က ----မှာနေတာ "

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now