ဝေးကြရမယ်လို့ တံဆိပ်ကပ်ပြီးသား ကံကြမ္မာတစ်ခုကို မျက်ကွယ်ပြုကာနဲ့ အပြောကျယ်တဲ့ အချစ်ပင်လယ်မှာ အဆုံးမရှိ အစမသိ ရွက်လွှင့်ရင်း လွင့်မျောနေတဲ့ အိမ်မက်တိမ်စိုင်တွေကို ဖမ်းဆုပ်လို့ ပျော်ရွှင်ခဲ့ကြဖူးတယ်။ ကြွေမိတဲ့အပြုံးရယ် မြတ်နိုးမိတဲ့ လက်တစ်စုံရယ်အတွက် ချစ်တေးအလီလီ သီလို့ ချစ်သောအရှင် ကြည်နူးစေမိဖူးတယ်။ အခုတော့ အရှင့်ဆီကို အရောက်လာနိုင်မယ့်ယာဉ်ရထား ကျွန်တော်တို့ကြားမှာ မရှိတော့ဖူးတဲ့။ စကားမစပ် .... ကျွန်တော့်ရဲ့အရှင်သခင် ကျန်းမာတော်မူပါရဲ့လားလေ။
1 part