"ကောင်လေး သိပ်မတွေးနဲ့ မင်းပင်ပန်းတယ် " "ခင်ဗျားကို ချစ်ရတာ ကျွန်တော် ပင်ပန်းတယ်" #စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ကျွန်တော့်ဘဝအတွက် ချစ်တယ်ပြောဖို့အလွန်ခက်ခဲနေချိန်မှာ ကျွန်တော်ထိုလူသားကို ချစ်မိသွားတယ် တစ်ဖက်သတ်ဆိုတဲ့ စည်းမျဉ်းတစ်ခုဟာ နှလုံးသားသွေးစိမ်းရှင်ရှင် ထွက်မတတ်နာကျင်ရတယ် အကောင်းနဲ့အဆိုး ကံကောင်းခြင်းနဲ့ကံဆိုးခြင်း တို့ဒွန်တွဲနေသလို ကံကြမ္မာအကူအညီကြောင့် ထိုလူသားနဲ့နီးစပ်ခွင့်ရပေမဲ့ တစ်ဖက်သတ်ဆိုတဲ့အချစ်နဲ့ပဲ ရပ်တန့်နေရတယ် ဝေးဝေးကမြင်ယုံနဲ့ ကျေနပ်နေမိတဲ့နှလုံးသား အနီးကပ်မြင်လာရတဲ့အချိန်မှာ လောဘတခုကြောင့် ပိုနီးကပ်အောင် ကြိုးစားနေမိတယ် အချိန်သာပြန်လှည့်လို့ရမယ်ဆို ထိုလူသားနဲ့အဝေးဆုံးကိုပြန်ရောက်ချင်တယ်