You are My Glory က စာရေးဆရာမ ကုမန်ရဲ့ လက်ရာတစ်ခုဖြစ်ပြီး 2021 မှာ နာမည်တူနဲ့ပဲ ဒရမ်မာအဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ် ၊ စာရေးဆရာမ ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့လို့ ဝတ္ထုနဲ့ တစ်ထပ်တည်းကျလို့ ဝတ္ထု ပရိသတ်ရော ဒရမ်မာပရိသတ်ရော သဘောကျတာခံခဲ့ရပြီး 2021 ရဲ့ အအောင်မြင်ဆုံးဒရမ်မာထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ် ၊ ယွီထူ နဲ့ ကျင်းကျင်းရဲ့ အချစ်ဇာတ်လမ်းက ရုပ်ရှင်အနေနဲ့ကြည့်ကြည့် ၊ ဝတ္ထု အနေနဲ့ ဖတ်ဖတ် မရိုးရပဲ ကြည်နူးစရာတအားကောင်းပါတယ် ၊ နှစ်ယောက်ရဲ့ ပြောဆိုဆက်ဆံပုံတွေက သဘာဝကျပြီး တအားလည်း ချစ်စရာကောင်းတာပါ ။ အရင်က တင်ဖူးပေမယ့် copyright ကြောင့်ပျက်သွားလို့ နည်းနည်း ပြန်ပြင်ပြီး ပြန်တင်ပေးလိုက်ပါတယ် ♥️♥️၊