ဘာကြောင့်လဲ.... " မင်းမေးတဲ့မေးခွန်းကို ဖြေရရင်..." " မင်းရဲ့ဇာတ်ကောင်စရိုက်တွေက သဘာဝကျနေလို့ " "မင်းသိလား.... လောကမှာ တချို့ကပဲ အောင်မြင်ကျော်ကြားနေကြပြီး အများစုက ဘာကြောင့် ရှုံးနိမ့်နေကြသလဲ " " ဘာလို့ ဆို သတ္တိကြောင်ပြီး အကြောက်တရားတွေနဲ့ ပြည့်နှက်နေကြလို့ .... " သူတို့ဘဝကို အရှုံးသမားတွေ အဖြစ် ကံကိုပုံချပြီး စိတ်သက်သာရာ ရဖို့ကြိုးစားနေကြသူတွေ ....၊ သူတို့ကမင်းဝတ္ထုကို ဖတ်မယ် .။" "ဇာတ်လမ်းကလဲ ကောင်းတယ်။ကြိုးစားရင် ဖြစ်မယ်။စည်းလုံးရင်အောင်မြင်မယ်။အရာရာကို ငွေနဲ့ဝယ်လို့ရနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာကိုငွေနဲ့ ဝယ်မရနိုင်ဘူး....." ဒါပေမဲ့.... မင်းသိလား သူတို့ဟာ လူသာမန်တွေ ၊တနေ့တနေ့ဘဝကြီးက ခက်ခဲပင်ပန်းလိုက်တာဆိုတဲ့အတွေးတွေ ၊ ကျောက်တုံးလိုခံစားချက်နဲ့ဘဝကိုဖြတ်သန်းနေကြသူတွေ ၊ " သူတို့အနေနဲ့ လက်ရှိသူတို့ဘဝကိုပါ သူတို့ဖတ်နေတဲ့