ကျွန်တော့်နာမည် Tub (ตับ) ..... ကျွန်တော်က Pattaya Beach ရဲ့ တရုတ်တန်းစားသောက်တန်း မှာ ကြက်ဆီထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်။ ကျွန်တော့်ညီ Jai( ใจ) (ကျိုင်).... သူကဆိုင်မှာဝိုင်းကူညီပေးပြီး မိဘတွေရဲ့လက်ဆင့်ကမ်း ဒီဆိုင်လေး မှာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် ဘဝကိုပုံမှန်နဲ့ အေးအေး ဆေးဆေး ဖြတ်သန်းနေထိုင်ကြတယ်။ ကျွန်တော့်ကြက်ဆီထမင်း ဆိုင်လေးကို Midnight Chicken(ညလည်စာ) ကြက်ဆီ ထမင်းဆိုပြီး အားလုံးက ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ ညလည်ဘက်အဆာပြေစားဖို့အတွက် အကောင်း ဆုံးညလည်စာဆိုပြီး သတ်မှတ်ထားကြလို့ပါ.... Tub-- ဒီမှာ....ဧည့်သည် ခဗျ.... Tub-- ဒီက ဧည့်သည် ခဗျ... ကျွန်တော်တို့ဆိုင်က ပိတ်တော့ မှာပါ... ကျေးဇူးပြုပြီး ပြန်လို့ရမလား...