~နေ့တနေ့ရဲ့ အလှဆုံးအချိန် နေရဲ့ ရွှေရောင်လိုလင်းတန်းများ တောအုပ်ထဲမှ လှပတဲ့ ရွှေရောင်အမွှေးနုများရှိတဲ့ သမင်လေးဆီသို့ ဖြာကျလျက် သမင်လေးဟာ ပြေးလွှားနေလေပီး လွတ်လပ်ပီး အလွန်လှပတဲ့အနုပညာဆန်တဲ့ မြင်ကွင်းမျိုးကို ပြသနေလေတယ်။ ''ရှပ်ရှပ်''သမင်လေးနောက်မှ အလွန်လှပပီးမြင့်မြတ်တဲ့အရှိန်အဝါထွန်းထွက်နေတဲ့ အရွယ်ရောက်ခါစယောင်္ကျားပျိုလေးတယောက် ရွှေဖြင့်ပြုလုပ်ပီးကျောက်မြတ်ရတနာ အနည်းငယ်စီရီထားတဲ့ လေးတစ်လက်ဖြင့် သမင်လေးနောက်သို့ ထပ်ကြပ်မကွာပြေးလွှား လိုက်ပါလာလေသည်။ ဒဏ္ဍာရီဆန်ဆန် ဤပုံရိပ်သည် မြင်သူတိုင်း ဆွဲဆောင်ခံရသကဲ့သို့ ငေးမောကြည့်ရသည်ထိ လှပတဲ့ အဖိုးတန် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်~ "ငါ့နာမည်က လန်ဟွား ဟူအောင်ထျန်းဖေးယု" "နတ်ဘုရားဧကရာဇ် လန်ပိုင်နဉ် ဟူအောင်ထျန်းဖေးဟွာ ရဲ့တစ်ဦးတည်းသောနန်းမွေခံ သားတ
6 parts