လူငယ်တို့၏နှလုံးသားရပ်၀န်းတွင် မနက်ဖြန်၏ပုံပြင်တို့အစပြုသည်။ ချစ်ခြင်းမေတ္တာဟူသောအချင်းအရာသည်ဤစကြ၀ဠာအတွင်းလက်တွေ့ဆန်ဆန်အပုန်းကောင်းလေတော့ ညနက်တို့က အထီးကျန်ဆန်လာသည်။ ဒါပေမယ့်...ဒီနေရာမှာတော့မင်းရဲ့ညနက်တွေကိုခဏတာအမောပြေစေဖို့ရာမနက်ဖြန်ရဲ့ပုံပြင်တို့ကို လက်တွေ့မဆန်စွာဖန်တီးထားလေရဲ့။ ပုံပြင်ဆိုကတည်းကအတည်မဟုတ်ပေမယ့်ဖတ်နေစဥ်တဒင်္ဂအတွင်းမင်းရဲ့နှလုံးသားငယ်အေးရိပ်စေဖို့ကိုယ့်နှလုံးသားကိုခံစားချက်ပေါင်းစုံရောပြွမ်းခဲ့ပါသည်။ ဒါကြောင့် မပြီးပြည့်စုံသော်လည်းကိုယ့်ပုံပြင်တွေကိုနှစ်ခြိုက်လှည့်ပါကလေးငယ်..။ အဘယ့်ကြောင့်ဆိုသော် ဤပုံပြင်တို့၏မြစ်ဖျားခံရာသည် တစ်စုံတစ်ယောက်၏နှလုံးသားတစ်စုံဖြစ်သောကြောင့်ပါလေ။ Jeon Mi -be happy🦋-
7 parts