မမကိုတစ်ခါပြောခဲ့ဖူးတဲ့ ပြန်လမ်းမရှိတဲ့ မြစ်ပြင်ကျယ်ကြီးထဲမှာ နားခိုစရာကမ်းကိုမတွေ့သေးမချင်း ကူးခတ်နေရဦးမှာပါပဲ။ တကယ်လို့ ကမ်းမတွေ့ခင် မောသွားတဲ့အခါကျရင်တော့ ကျွန်မဟာ ကောင်းကင်ကကြယ်ကလေးတစ်လုံးဖြစ်ချင်ဖြစ်နေမယ် ဒါမှမဟုတ် အဝါရောင် အမှုန်အမွှားလေးလည်း ဖြစ်ကောင်းဖြစ်နေမှာပေါ့။ ဒါပေမယ့် ကြယ်ကလေးတစ်လုံး အဝါရောင် အမှုန်အမွှားလေးတစ်မှုန် မဖြစ်ခင်အထိတော့ ဒီမြစ်ပြင်ကျယ်ကြီးထဲမှာ ဆက်ပြီးကူးခတ်နေရဦးမှာပါပဲ ...။