"ဒါ ဘာသဘောလဲ" "ဒေါ်သက်ပုံနှင်းကို သိမ်းပိုက်လိုက်တာ" "ဘာ" အံ့လောက်ဖွယ် စကားမျိုးကြားလိုက်ရတာမို့ သက်ပုံ ခဏ ငြိမ်သွားရသည်။ "ဘယ်သူကတဲ့လဲ" "ဟောဒီက ကိုယ်က" "အို မင်းကိုမှ တို့မသိတာ၊ အမှတ်မမှားဘူးဆို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ။ ဘာကိစ္စ မင်းက သိမ်းပိုက်ရတာလဲ ကောင်မလေးရဲ့။စိတ်မှ နှံ့ရဲ့လား။ ဒါမှမဟုတ် နိုင်ငံခြားပြန်ဆိုပြီး တို့ကို ပြန်ပေးဆွဲလာတာလား" "ကိုယ့်အနေအထားကြီးနဲ့ ပြန်ပေးဆွဲရဦးမှာပေါ့ ဟုတ်လား။ရယ်စရာတွေ ဒေါ်သက်ပုံနှင်းရယ်" "အဲ့ဒါ ပြောတာပေါ့။ တို့ကလည်း ဘယ်လောက်မှ ချမ်းသာမနေတာ။ ပြန်ပေးဆွဲရင် လူရွေးမှားပြီပြောမလို့" "သိမ်းပိုက်ရင်ရော"