"ကိုယ့်ခန္ဓာနဲ့ကိုယ် ရပ်တည်နိုင်ဖို့ကြိုးစားနေရတာပါ ခိုးနေတာ ဓားပြတိုက်နေတာမဟုတ်ဘဲ ဘာလို့ တရားဥပဒေနဲ့မညီရတာလဲ" နောက်ဖေးလမ်းကြားတွေထဲမှာ ညည်းသံကြားရရင် သွားမကြည့်နဲ့ အဲ့ဒါ "Light" ချောင်တွေ ထောင့်တွေမှာ ရှိုက်သံကြားရရင် သွားမကြည့်နဲ့ အဲ့ဒါ "Light" အမေမရှိတော့ကတည်းက ပထွေးဖြစ်သူရဲ့နှိပ်စက်အဓ္ဓမကျင့်ခြင်းကို ခံခဲ့ရတဲ့ မျက်နှာချိုချိုနဲ့ ကောင်လေးတစ်ယောက် သူ့ဘ၀ရဲ့အလင်းတန်းတစ်ခုနဲ့တွေ့ချိန်မှာ နစ်နေတဲ့နွံထဲက ကြိုးစားရုန်းထွက်ပုံကို ကျွန်တော်နဲ့အတူလိုက်ပါစီးမျောကြည့်လိုက်ရအောင်ပါ။