Part 8

903 115 1
                                    

............
ကြီးမားလှသောဧည့်ခန်းထဲမှာလူ9ယောက်တောင်ရှိနေပေမယ့် ဘယ်သူမှမရှိသလိုတိတ်ဆိတ်နေသည်
ထိုမိန်းကလေးသုံးယောက်ထဲမှမျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထူထူ အကြီးဆုံးဟုထင်ရသောမိန်းကလေးကထိုအဒေါ်ကြီးအား ထသတ်တော့မလိုအကြည့်နှင့်ကြည့်နေသည်

သူ့ဘေးမှအရပ်ရှည်ရှည် အသားလတ်လတ် နှင့်မိန်းကလေးကတော့ထိုအဒေါ်ကြီးကိုကြည့်လိုက်ဘေးကမိန်းကလေးကိုကြည့်လိုက်နှင့်သူ့မျက်နှာက"သွားပါပြီ"ဆိုတဲ့ပုံ

မီးဖိုချောင်ထဲမှာပထမဆုံးတွေ့တဲ့မိန်းကလေးကတော့အငယ်ဆုံးထင်ပါရဲ့ သူ့အမတွေကြားမှာနေပြီးလက်တွေကိုင်နေတယ်
ဘာလို့မှန်းမသိအဲ့မိန်းကလေးကိုကြည့်ရတာကျွန်တော်တို့ကိုကြောက်နေသလိုပဲ

"ဘယ်လိုလဲ မစ္စChunjaeကျွန်မခဏခဏပြောတယ် အိမ်ကိုလူစိမ်းတွေမခေါ်ပါနဲ့ မခေါ်ပါနဲ့လို့ပြောထားတဲ့ဟာကို ဘာလဲ ကျွန်မစကားကိုနားမထောင်ဂရုမစိုက်တဲ့သဘောလား"

အမလေးဗျာ အသက်အလွန်ဆုံးရှိမှ20လောက်ပဲရှိမယ့်မိန်းကလေးကအသက်50လောက်ရှိတဲ့အဒေါ်ကိုပြောတဲ့စကားတဲ့

"မဟုတ်ပါဘူး သခင်မလေးMiraရယ် သူတို့က....."

"တော်စမ်းပါ ကျွန်မဆင်ခြေတွေမကြားချင်တော့ဘူး"
ဟုပြောပြီး ကျွန်တော်တို့ဘက်လာပြီးတခုခုလုပ်မည့်အချိန်

"အမ မလုပ်ပါနဲ့"
ဟုမီးဖိုချောင်ထဲမှာတွေ့သည့်မိန်းကလေးကသူ့ကိုတားသည်
"ဟုတ်တယ် မလုပ်ပါနဲ့ သူတို့ကိုသတ်လိုက်လို့လည်းငါတို့"

"ဘာမှမထူးဘူးလို့ပြောမလို့မဟုတ်လား ဘာလို့မထူးရမှာလဲ သူတို့က5ယောက် ပြီးတော့အသက်ငယ်ငယ်လေးတွေပဲဆိုတော့ အနည်း
ဆုံးနှစ်ပတ် သုံးပတ်စာလောက်တော့ရတာပေါ့"

အမလေးဗျာ နှစ်ပတ်သုံးပတ်စာတဲ့ ကျွန်တော်တို့ကိုအစားအစာရိက္ခာတွေများမှတ်နေလားမသိဘူး

"မလုပ်ပါနဲ့ သခင်မလေးတို့ရယ် သူတို့လည်းဘယ်သူ့ကိုမှပြန်မပြောပါဘူး ဟုတ်တယ်ဟုတ်"

ဟုပြောပြီးကျွန်တော်တို့ဘက်လှည့်ကြည့်ပြီးခေါင်းငြိမ့်လိုက်ပါ ဟုအရိပ်အခြေပြနေသည်

အစွဲအလမ်း(Obsession)[ATEEZ BTS vs Y/N]{Completed}Where stories live. Discover now