.. ၁၉၆ ..
6.2K 733 37
《Zawgyi》
အပိုင်း - ၁၉၆
["သူ့ကိုအမြဲအလိုလိုက်ပေးတယ်" - ၂]
ထင်မထားစွာပဲ နောက်နှစ်ရက်အကြာ၌ ကျုံချင်းအား သူမရဲ့ ညီမဝမ်းကွဲကနေ နောက်ထပ်တစ်ကြိမ် ဖုန်းဆက်လာပြန်လေပြီး ဤသို့ပြောလာသည်။
"အစ်မရဲ့ အချစ်ဆုံးသူငယ်ချင်းကလေ ချန်းကတော်နေရာကိုရဖို့ ချန်းစီနျန်နဲ့ ရှန်ဝမ်းယန့်တို့ အချစ်ရေးကြားထဲ ဝင်နှောင့်ယှက်ခဲ့တာလား?"
ကျုံချင်းက ထိုစကားကိုကြားလိုက်တာနဲ့ ချက်ချင်းပင် မျက်နှာမကြည်ဖြစ်သွား၏။
"ဘယ်ကကြားလာတာလဲ? အဓိပ္ပါယ်မရှိတာတွေ ... စကားကို လက်လွတ်စပယ်မပြောနဲ့"
ဝမ်းကွဲအစ်မရဲ့ မာမာထန်ထန် အပြစ်တင်လာမှုကြောင့် ဖုန်းဆက်ပြောတဲ့မိန်းကလေးက ခဏမျှ ကြောင်အသွားသည်။
"ကျောင်းဖိုရမ်မှာ တစ်ယောက်ကပြောလို့ ညီမ...."
"နင်ဒီလောက်အားနေလား? အတင်းအဖျင်းတွေ အာရုံစိုက်မနေပဲ စာသာလုပ်စမ်းပါ!"
ကျုံချင်းက ဖုန်းချပြီးတာနဲ့ ချင်းစုယွဲ့အား အဖြစ်အပျက်ကိုပြောပြဖို့ ဆုံးဖြတ်လိုက်၏။
ဒီနေ့က အမျိုးသားနေ့ဖြစ်သဖြင့် ချန်းစီနျန်နဲ့ ချင်းစုယွဲ့တို့က ဘိုးဘိုးချန်းတို့အိမ်တော်ကို အလည်အပတ်သွားနေတာ ဖြစ်သည်။
"ရပါတယ်ဟာ ... အတိတ်ကအဖြစ်တွေပဲ ... ဘာမှကိစ္စမရှိတော့ဘူး"
ကျုံချင်းပြောတာကိုကြားတော့ ချင်းစုယွဲ့က ထိုသို့တုံ့ပြန်၏။
"အင်း ငါသိပါတယ် ... နင်သိအောင်လို့ ငါကပြောပြရုံတင်ပဲ"
"မစိုးရိမ်ပါနဲ့ ... ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်"
ဖုန်းချလိုက်တဲ့အချိန်မှာပဲ ချန်းစီနျန်က ရေချိုးခန်းထဲမှထွက်လာ၏။ သူမရဲ့ မကြည်မလင်ဖြစ်နေတဲ့ အမူအယာကို သူက သတိပြုမိကာ မေးလာသည်။
"ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ပါဘူး"
သူ့ရဲ့ရေချိုးခန်းဝတ်ရုံက ပွင့်ဟလုနီးနီးဖြစ်နေသည်ကို တွေ့တော့ ချင်းစုယွဲ့ကရယ်လျက် သူ့ခါးကို လက်နှစ်ဖက်လုံးဖြင့် ဖက်တွယ်လိုက်၏။
"အခုတင် ကျွန်မရဲ့မာမားက ဖုန်းခေါ်ပြီး ကလေးမယူသေးဘူးလား မေးနေတယ်"