.. ၁၉၇ ..
6.6K 721 22
《 Zawgyi》
အပိုင်း - ၁၉၇
[အပြောထက် အလုပ်နဲ့ကျေးဇူးဆပ်ရတာ ပိုသဘောကျတယ်  - ၁]
ချင်းစုယွဲ့နဲ့ချန်းစီနျန်တို့ဟာ ချင်းအိမ်တော်မှာတော့ နှစ်ရက်နေခဲ့ကြသည်။
ဒီရက်ပိုင်းမှာ မာမားပိုင်နဉ်းက သစ်ပင်စိုက်တာကို စိတ်ဝင်စားလာကာ ဥယျာဉ်ထဲမှာပဲ အချိန်ကုန်ဆုံးရတာကို နှစ်သက်လေသည်။ ချင်းစုယွဲ့က သူ့မာမားဘေးမှာနေပေးကာ ပန်းပင်တွေကို နေရာချပေး.. ရေလောင်းပေးလေရာ သူမက ကောင်းကောင်းကူညီပေးနိုင်သည်ကို တွေ့တော့ ပိုင်နဉ်းကရယ်လျက် အကဲဖြတ်ပေး၏။
"အင်း ... မဆိုးဘူး"
ချင်းစုယွဲ့ကလည်း ပြန်ပြုံးပြသည်။
"ဘိုးဘိုးချန်းကလည်း သူပျင်းနေတဲ့အခါ ဒီလိုမျိုးလေးတွေလုပ်ရတာ ဝါသနာပါတယ်လေ ... သမီးချန်းအိမ်တော်ကိုသွားတဲ့အခါတိုင်း ကူညီပေးခိုင်းတယ်"
"အသက်ကြီးလာတဲ့အခါ ဒီလိုစိတ်ဝင်စားစရာလေးတွေ ရှိလာရော"
"အဲ့တာကလေ မာမားက စိတ်သဘောထားကောင်းလို့ဆိုတာ သမီးသေချာသိတယ်"
အပင်တွေကို ပြုစုပျိုးထောင်ရတာ နှစ်သက်သူတွေဟာ သဘောထားပြည့်ဝတဲ့သူတွေဟု ချင်းစုယွဲ့က အမြဲတွေးမိသည်။
ဒါပေမယ့်လည်း ပိုင်နဉ်းက ပန်းလေးတွေကိုကြည့်ကာ သက်ပြင်းချပြန်လေ၏။ ရှန်ကျင်းမြို့ရဲ့ အောက်တိုဘာလမှာ တိုက်ခတ်သည့်လေက အေးစက်မှုအနည်းငယ်ကို သယ်ဆောင်လာသည်။ လေပြေက သူမမျက်နှာကို လာရောက်ကျီစယ်တဲ့အခိုက်မှာ ချင်းစုယွဲ့က လတ်ဆတ်တဲ့လေအေးကိုသာမက ပိုင်နဉ်းရဲ့သက်ပြင်းကနေ စိတ်ခံစားချက်အချို့ကိုပါ ခံစားမိလေသည်။
"မာမား ... ဘာဖြစ်လို့လဲ?"
ပိုင်နဉ်းက တုံ့ဆိုင်းဆိုင်းဖြင့် မေး၏။
"ဘာ.....သတင်းမှ မရသေးဘူးလား?"
"မား!"
ချင်းစုယွဲ့က ကူရာမဲ့စွာဆိုသည်။
"ချန်းစီနျန်နဲ့သမီး လက်ထပ်ထားတာဖြင့် တစ်နှစ်တောင်မပြည့်သေးဘူးလေ! စိတ်ရှည်ပါဦးလားလို့?"
"မာမားကစောင့်နိုင်တယ်ထားဦး ချန်းမိသားစုကရော စောင့်နိုင်ပါ့မလား?"