Part 23

1.1K 32 4
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-23

မေ့ပစ်ကာ မုန်းလိုက်မည်ဆိုတော့မှ သတိရနေမိသည်က နင့်နင့်သီးသီး။
ကိုကိုနေမှကောင်းရဲ့လား။
ခရီးကပြန်ရောက်လို့ ခါခါ့ကိုအရူးလိုလိုက်ရှာနေမလား။
သိပ်ချစ်တက်တဲ့သူမှန်းသိပေမဲ့ ကိုကို့ကိုခွင့်မလွတ်နိုင်ဘူး။
ဘယ်လောက်တောင်တွေးကြောက်ခဲ့ရလဲဆိုတာခါခါကလွဲပြီး ကိုကိုလဲမသိနိုင်ဘူး။
ဆိုးရွားတဲ့ရေစက်နဲ့တွေ့ခဲ့ကြတာမဟုတ်ရင်
သိပ်ပျော်စရာကောင်းမှာပဲနော်။
ကိုကိုကလဲ အဲ့ဒီလူရဲ့သွေးသားမဟုတ်သလို
ခါခါကလဲ ဒီလိုဘဝမျိုးမဟုတ်ဘဲလေ။

"ခါခါ……"

"အော် ပိုင် ပြန်လာပြီလား"

"အင်း ထမင်းစားပြီးပြီလား
ဒီမှာ ကိုယ်ဝန်ဆောင်အားဆေးထပ်ဝယ်လာခဲ့သေးတယ်"

"ဘာလို့ဝယ်လာတာလဲပိုင်ရယ်
ဆေးတွေကကျန်ပါသေးတယ်"

"ပိုတယ်လို့မရှိဘူးလေခါခါကလဲ
မိုးကျရင် မြို့ပေါ်သွားဖို့ကခက်ခဲတော့မှာ
အဲ့ဒီအခါကျ လိုအပ်ရင်ဘယ်လိုလုပ်မလဲ"

"ခါခါက အပိုကုန်မှာစိုးလို့ပါ
ဒါနဲ့ ပိုင်လဲအရမ်းပင်ပန်းနေပြီမဟုတ်လား"

"ပင်ပန်းတယ်လို့ကိုယ်တော့မထင်မိဘူး
အိမ်ပြန်လာတိုင်း ခါခါ့ကိုမြင်ရရင် အမောပြေသွားတာပဲ"

ထိန်းမထားနိုင်သည့် မျက်ရည်တို့ကြောင့်
ပိုင့်ရင်ခွင်ထဲတိုးဝင်ကာ ငိုမိပြန်သည်။
ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးသည့်ပိုင့်လက်တွေက နွေးထွေးလုံခြုံမှုရှိပါသည်။

"ခါခါရယ် အတွေးတွေများပြီး စိတ်မကောင်းဖြစ်နေပြန်ပြီလားကွာ"

"ပိုင် ငါလေ……ဟင့်……သူ့ကိုသတိရတယ်
အီး……နေမှကောင်းရဲ့လားမသိဘူး ဟင့်……"

"ကိုယ့်ရဲ့ခါခါကလဲ အမှတ်မရှိဘူးပဲ
Bossကို အဲ့လောက်အထိချစ်ရင် ခွင့်လွတ်ဖို့ကြိုးစားပြီး ပြန်သွားလိုက်ပါလား ကိုယ်ရင်နာပေမဲ့
ခါခါနာကျင်တာကို ဆက်မကြည့်နိုင်တော့ဘူး"

"ဟင့်အင်း မချစ်ဘူး ဒီအတိုင်း သတိရမိယုံပဲ
ပိုင်မကြိုက်ဘူးမို့လား ခါခါထပ်မပြောတော့ဘူးနော် တောင်းပန်ပါတယ် ပင်ပန်းလာတဲ့သူကို
စိတ်ပူစေမိပြန်ပြီ"

နေမဝင်ချစ်ခြင်း [Completed]Where stories live. Discover now