Final

14.2K 1.1K 180
                                    

Zawgyi

" အန်တီ အဲ့လို လုပ်လို့မရဘူးလေ ကစ်နဲ့ ရီပေါ့်ကို အန်တီဘဲ သဘောတူခဲ့တာမလား "

" အန်တီ သဘောတူခဲ့ပါတယ် ဒါပေမဲ့ ဝမ်လေး သဘောကိုလဲ ကြည့်ရမယ်လေ အခု ဝမ်လေးမှာက ချစ်သူလဲ ရှိတယ်ဆိုတော့ ကစ်လေးဘက်ကဘဲ သဘောထားကြီးပေးပါလားကွယ် "

" ကစ် ..ရီပေါ့်ကို အရမ်းသဘောကျတာကို အဟင့် "

ပတ်ချောင်း မျက်ရည်လေးတွေ ထွက်လာတာမြင်တော့ ဒေါ်ရီရီ အနားကိုသွားကာ ပုခုံးလေးကိုပုတ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

" အန်တီသိပါတယ်ကွယ်...ဒါပေမဲ့ အန်တီက အမေလေ သား ကိုစိတ်ချမ်းသာစေချင်တယ် ဟိုကလေးနဲ့လဲ ဝမ်လေးကို စိတ်ချတယ် ကစ်လေးကဘဲ နားလည်ပေးပါ "

" အီးဟီး... တကယ်ကြီး ကစ် နဲ့ ရီပေါ် လက်မထပ်ရတော့ဘူးပေါ့ "

မျက်ရည်တွေ ဘူးသီးလုံးလောက်ကျရင်း ငိုနေတဲ့ ပတ်ချောင်းကို သနားပေမဲ့လဲ ကိုယ့်သား စိတ်ချမ်းသာဖို့ဘဲ လိုတာမို့ ဒီကလေးမကို ချော့ပေးပြီး နှစ်သိမ့်ပေးရုံမှအပ မတတ်နိုင်။

" ဝမ်လေး မဟုတ်ပေမဲ့ ဝမ်ယွဲ့ရှိပါသေးတယ် "

" အဲ့..အဖိုးကြီးကို ဘာလုပ်ရမှာလဲ  !! အီးဟီးးဟီးး "

--------

1.1. 2021

ချိတ်ထားတဲ့ ဝတ်စုံဖြူလေးကိုကြည့်ကာ ရှောင်းကျန့်ပြုံးနေတာပင် မရပ်နိုင်တော့။

" မေ့ ကလေးလေး အရမ်းပျော်နေလား  "

ပြုံးနေတဲ့ သားဖြစ်သူကို ခေါင်းလေးပုတ်လိုက်တော့ ရှောင်းကျန့် က သူ့အမေကို ဖက်တွယ်လာကာ အမေဖြစ်သူရဲ့ ဗိုက်ပေါ် မျက်နှာအပ်ထားလိုက်သည်။

" မေ့ ကလေးက အိမ်ထောင်ရှင်လေး ဖြစ်တော့မှာပေါ့
အိမ်ထောင်သည်ဖြစ်သွားရင်လဲ ရီပေါ့်ကိုအရမ်းမဆိုးရဘူးနော် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအမြဲပေးရမယ် ဒါမှ အိမ်ထောင်ဆိုတာ တည်မြဲနိုင်မှာ "

" မေ...ကျွန်တော် ငိုမိတော့မှာဘဲ "

မျက်ရည်လေးတွေ ဝေ့ကာ မော့ကြည့်လာတဲ့ ရှောင်းကျန့် ရဲ့ နဖူးကို အမေက ဖွဖွလေးတောက်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 18, 2022 ⏰

Add this story to your Library to get notified about new parts!

𝐏𝐀𝐒𝐒𝐈𝐎𝐍 (completed) Where stories live. Discover now