ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလေး - part 1*Unicode

1.6K 42 1
                                    

ဘုန်းဘယသော်သည် ဆယ်တန်းကို ကံကောင်းထောက်မစွာဖြင့် အောင်မြင်လာခဲ့သူ ဖြစ်လေသည်။

သူသည် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူ ဖြစ်သည်နှင့် အညီ အတန်းချိန်ရော၊ညဘက် guide ချိန်တွေပါ မကျန် အိပ်ငိုက်တတ်သူ ဖြစ်‌လေ၏။

ကျောင်းပိတ်ရက်တွေမှာလည်း ဆိုင်ကယ် တစ်စီးနှင့် မြို့ တစ်မြို့လုံးကို ပတ်ကာ ရောက်တတ်ရာရာကိုသာ လျှောက်သွားနေတတ်လေသည်။

သို့ပေမဲ့ မည်သူနှင့်မျှ စကားမပြောဘဲ သီးသန့်နေထိုင်တတ်သူသာ ဖြစ်လေ၏။

သူ၏ ဆောင်ပုဒ်သည် "စကားများများ ပြောလျှင် ပါးစပ် ညောင်းသည်" ဟူ၍ ဖြစ်လေသည်။

အမျိုးသမီးငယ်လေးများသည် သူ့အား "ရေခဲတုံးလေး" ဟု တင်စား၍ ခေါ်ဝေါ်တတ်ကြသော်လည်း လက်တွေ့တွင် သူသည် စကား ပြောရမှာ ပျင်းသော ငပျင်းကလေးမျှသာ ဖြစ်လေ၏။

သူသည် အသက် ၁၇ သာ ရှိသေးသော်လည်း  အရပ် ၆ ပေကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ထို့အပြင် သူ့တွင် ဘယ်ဘက်ပါးပြင်ရှိ တစ်ခုတည်းသော ပါးချိုင့်ခွက်ခွက်လေးနှင့် အတူ ခပ်ချောချော မျက်နှာလေး ရှိနေသေး၏။

__________

ဘုန်းဘယသော်သည် A မြို့တော်ရှိ တက္ကသိုလ်တွင် လာရောက်၍ ကျောင်းအပ်နှံရခြင်း ဖြစ်လေသည်။

စိတ်မပါ၊လက်မပါ ဖြစ်နေသည့် သူ့ ပုံစံကို မည်သည့် ရှုထောင့်က ကြည့်ကြည့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်လေ၏။

အကြောင်းမှာ ပါးစပ် ဟရမှာ ပျင်းသည့် သူ့အတွက် ရခဲ့သည် major သည် မြန်မာစာပင် ဖြစ်‌နေသောကြောင့် ဖြစ်သည်။

ကံကောင်းသည်က Day အစား Distance တတ်မည် ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။
အကြာကြီး တတ်စရာ မလိုသဖြင့် အများကြီး ကျက်စရာမလိုဟု တွေးထားသောကြောင့် ဖြစ်လေသည်။

"ကျောင်းက ကြီးလိုက်တာ!!!"

သူသည် ထိုစကားကို အံ့ဩနဘမ်းနှင့် ပြောခြင်း မဟုတ်ဘဲ ကျောင်းထဲတွင် လမ်းလျှောက်ရမည်မှာ ပျင်းသောကြောင့် ပြောခြင်း ဖြစ်လေသည်။

ချိုမြိန်သော ဝန်ထုပ်ဝန်ပိုးလေး(ongoing)حيث تعيش القصص. اكتشف الآن