ဒီနေ့က ဗုဒ္ဓဟူးနေ့..
နားကြပ်လေးကိုတပ်၊ လွယ်အိတ်လေးလွယ်
ကျောင်းသွားမယ်ဆိုပြီး အိမ်ထဲကထွက်လာတာ
ခြံတံခါးကိုကျော်ပြီး နည်းနည်းလှမ်းရုံပဲရှိသေး။ တစ်ခုခုကိုသတိရပြီးနောက်ကိုခြေလှမ်းသုံးလှမ်းလောက်ပြန်ဆုတ်မိတယ်။ဒီနေ့က ဗုဒ္ဓဟူးနေ့လေ။
ထင်တဲ့အတိုင်း အိမ်ရှေ့ကစာတိုက်ပုံးထဲမှာ စာတစ်စောင်တွေ့တာပဲ။ဒီတစ်ခါစာအိတ်က လိမ္မော်ရောင်လေး။
ညနေအိမ်ပြန်ရောက်တော့မှ ဖတ်မယ်ဆိုပြီး
လွယ်အိတ်ထဲသေချာထည့်လိုက်သည်။ အရင်တစ်ပတ်ကတောင် ညနေထိမစောင့်နိုင်ဘဲ ကျောင်းမှာခိုးပြီးဖွင့်ဖတ်မိလို့ သူငယ်ချင်းတွေက
လုဖတ်ပြီး ဘယ်သူလဲ၊ ဘယ်ဝါလဲနှင့်စနောက်ကြသေးသည်။အဲ့ဒီချာတိတ်က ဆန်းကြယ်တာတွေသိပ်လုပ်တတ်တာ... မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစတာပဲ။ သူအဲ့ဒီအချိန်တုန်းကမနက်စာစားနေတာ။
သူ့မေမေက မနက်ဈေးကအပြန်
စာတိုက်ပုံးထဲမှာ သားနာမည်နဲ့စာတစ်စောင်တွေ့တယ်ဆိုပြီး စားပွဲပေါ်လာချလို့။"အရင်ကတစ်ခါမှ စာတွေဘာတွေမလာဖူးပါဘူး
ဘယ်သူများပေးတုန်း..သားကိုကျိတ်ပိုးနေတဲ့တစ်ယောက်ယောက်များလား""အာ.. မဖြစ်နိုင်တာမေမေရာ..
မှားထည့်တာများလား""မှားထည့်ရအောင် သားနာမည်ကြီးရေးထားတာကို..စာအိတ်မှာ"
ဟုတ်တယ်..သူသေချာကြည့်လိုက်တော့မှ စာအိတ်ပေါ်မှာမင်နက်နက်နဲ့ To PCY တဲ့။ အဲ့ဒါထက် စာအိတ်ကပန်းရောင်ကြီးပါလား။ အနုအရွဆန်လိုက်တာ။
"မေမေဖတ်ထားသေးလား"
"ပေါက်ပေါက်ရှာရှာ.. မဖတ်ပါဘူးတော်"
ဘာမှမဆက်ဖြစ်တော့ဘဲ မနက်စာမှာပဲအာရုံစိုက်လိုက်သည်။ ချက်ချင်းတော့ ဖွင့်မဖတ်ဖြစ်လိုက်။ အပေါ်ရောက်တော့မှ အခန်းထဲဝင်ပြီး ကုတင်ခပ်စွန်းစွန်းမှာဝင်ထိုင်မိရင်း စာအိတ်လေးကိုဖွင့်ဖတ်ဖို့ကြံရသည်။ ဒီနေ့ကလွတ်လပ်ရေးနေ့မို့ကျောင်းပိတ်ထားတာဆိုတော့ တစ်နေ့လုံးအိမ်ထဲအောင်းနေရမှာ။