6

3.7K 292 37
                                    

Jhopeတစ်ယောက်......အိပ်ယာနိုးတာနဲ့သူလုပ်နေကြအလုပ်တို့လုပ်နေသည်။သူ့စိတ်ထဲစိုးရိမ်မှုတို့ကအထင်းသား.........Yoongiခရီးသွားတာတစ်ပတ်ကျော်ပြီ....ပြန်မရောက်သေးသလိုသတင်းလည်းမကြား....အဆက်အသွယ်လဲမလုပ်နှင့်.......ပျောက်ချက်သားကောင်းနေသည်မှာအမှန်......ဖုန်းဆက်တော့လည်းမကိုင်......စာပို့လည်းမပြန်နှင့်.....ဘာတွေလုပ်နေမှန်းမသိ......စိုးရိမ်စရာအခြေအနေဆိုတာတော့သေချာသည်။

"အမေ.....Babyပျောက်နေတာကြာနေပြီ"

ဧည့်ခန်းထဲမှာထိုင်နေတဲ့မိခင်ကိုမေးတော့ပြုံးပြကာ

"သားရယ်......ခရီးသွားတယ်ဆို....တစ်ပတ်ပဲရှိသေးမခွဲနိုင်မခွာရက်တွေဖြစ်နေပြီပေါ့"

မိခင်ကစနောက်သလိုပြောတော့Jhopeရှက်တောင်ရှက်သွားသည်။ဂုတ်ကိုပွတ်သပ်ရင်းရှက်ပြုံးလေးပြုံးပြလိုက်သည်။မိခင်ကတော့သဘောကျလျက်

"သားအလုပ်သွားရမှာမလားသွားလေ"

"ဟုတ်အမေ"

Jhopeပြောပြီးတာနဲ့ကားသော့ယူကာအပြင်ကိုထွက်လာလိုက်သည်။

"ဟာသေပြီ....ကားပျက်နေတယ်"

Jhopeစိတ်ပျက်စွာပြောရင်းသက်ပြင်းချမိသည်။

"သားTaxiငှားသွားလိုက်လေ"

မိခင်ရဲ့အကြံကိုလက်ခံကာTaxiငှားဖို့ဆုံးဖြတ်ရင်းလမ်းထိပ်ကိုလျှောက်သွားလိုက်သည်။

"Taxi......ကျနော့်ကိုxxxကုမ္ပဏီကိုလိုက်ပို့ပေးပါ။"

Jhopeပြောတော့Taxiသမားကခေါင်းငြိမ့်ပြသည်။သူလဲကားပေါ်တက်ကာထိုင်လိုက်သည်။ကားပေါ်ရောက်တော့Taxiသမားကသူ့ကိုစိုက်ကြည့်ရင်း

"ခင်ဗျားကသူဋ္ဌေးJhopeလား"

"ဟုတ်ပါတယ်....ဘယ်လိုသိတာလဲ"

"စီးပွားရေးလောကမှာမသိတဲ့သူမှမရှိတာ....ခင်ဗျားလက်ထပ်တော့မယ်ဆို"

"ဟုတ်တယ်။ကောင်လေးတစ်ယောက်နဲ့"

"ဟုတ်လား.....ဘယ်သူများလဲစီးပွားရေးလောကကပဲလား"

"မဟုတ်ပါဘူး......သာမာန်လူငယ်လေးပါပဲ။Min Yoongiတဲ့"

"ဗျာ......Min Yoongi"

Dasha Owned(ဒဿပိုင်ဆိုင်ခဲ့သည်)🔞🔞(complete)Where stories live. Discover now