Part 13

4.2K 428 13
                                    

"ဘာကိစ္စ ရှိလို့လည်းကျိုး?''

အတွင်းရေးမှူးကျိုးက ဘေးမှာ ခပ်ကုပ်ကုပ်လာရပ်နေတာမို့ရှောင်းကျန့်လည်း Laptop ကို ကြည့်နေရာမှ မျက်နှာလွှဲလိုက်သည် ။

"နက်ဖြန်ဆို '' f(x) '' ကားကြီးက ရုံတင်တော့မှာပါboss.ပြီးခဲဲ့တဲ့ အပတ်က Miss ယူရီလည်း တရုတ်ကိုပြန်ရောက်ပါပြီ''

ကီးဘုတ်ကိုတဂျောက်ဂျောက်ခေါက်နေတဲ့ ရှောင်းကျန့်လက်တို့နှေးသွားရသည်။

"အဲ့တော့ ဘာပြောချင်တာလည်း? "

အတွင်းရေးမှူးကျိုးက သူနဲ့ ယူရီအကြောင်းကို သိထားသည်။
ယူရီနဲ့ သူရဲ့အချစ်ဇာတ်လမ်းက အနုပညာနယ်ပယ်က လူအနည်းငယ်လေးလောက်သာ သိထားသော သတင်း၊ ကျ်ိုးက သူနဲ့တောက်လျောက် ‌နေရသူမို့ ယူရီနှင့်သူ့အကြောင်း ကိုသိသည်။ပြီးတော့ကျိုးက နှုတ်မဖွာတတ်။

" လက်မှတ်ရေးထိုးဖို့တွေ ၊ သတင်းစာရှင်းလင်းပွဲတွေအတွက် boss တက်မှာလားလို့ပါ၊ ဥက္ကဋ္ဌ ရှီ ဘက်ကလည်း ဆက်သွယ်ထားတာပြီးခဲ့တဲ့အပါတ်ထဲကမို့ပါ ''
.
တုန့်ပြန်မလာသောမေးခွန်းအတွက် ကျိုးက ထပ်ပြောသည်။

"ပြီးခဲ့တဲ့ အပါတ်က Ms.ယူရီ ကျွန်တော့ကိုဖုန်းဆက်လာပါသေးတယ်boss... boss အဆင်ပြေရဲ့လားဆိုတဲ့အကြောင်းနဲ့ ပွဲကိုတက်ဖို့ သူမမျှော်လင့်ကြောင်း....''

"မင်းဘယ်လိုထင်လည်း?''

ရှောင်းကျန့်ကို ကျိုးကတော့သေချာပေါက်မခန့်မှန်းရဲဘူးပေါ့။ ယူရီကအရင်ထဲက ရှောင်းကျန့် ဖုန်းမကိုင်တာတို့မအားတာတို့ဆို ကျိုးကိုဘဲဖုန်းခေါ်နေကြ။ ခုတခေါက်ကတော့ ရှောင်းကျန့် ဘက်က မကိုင်တာမဟုတ်တော့ဘဲသူမက ကျိုးကိုတိုက်ရိုက်ခေါ်ခြင်းသာဖြစ်၏

"Ms. ယူရီနဲ့က ရှေ့လျောက်လည်း အလုပ်ကိစ္စတွေနဲ့အများကြီး ပက်သတ်နေရအုံးမှာပါ boss. နက်ဖြန်ပွဲအတွက် boss သွားမသွားက ကျွန်တော် လည်းမခန့်မှန်းတတ်ပါဘူး boss''

ကျိုးက အရမ်းပါးနပ်သည်။
သူ့စကားတွေက ရှောင်းကျန့်ကို ယူရီနှင့်ရှောင်လွဲလို့မရ​ကြောင်း သတိပေးနေသည်။

F(x)ကားက လွန်ခဲ့တဲ့ နှစ်က ရိုက်ကူးထားသောကားဖြစ်ပြီး Hollywood မှ ဒါရိုက်တာတယောက်နှင့် နာမည်ကြီး မင်းသားတစ်လက်ပါကာ ယူရီက female character တွင် အဓိကသရုပ်ဆောင်ထားသည်။
ထိုကားအတွက် ငွေအမြောက်အမြားအကုန်ကျခံထားသလို အခက်ခဲပေါင်းစုံကြား ရိုက်ကူးရပြီး အများကြီးမျှော်လင့်ထားသော အက်ရှင်ကား တစ်ကားဖြစ်သည်။

LORD OF THE HEART (နှလုံးသားရဲ့ အရှင်သခင်)//completed//Where stories live. Discover now