Part 27

10.5K 960 28
                                    

Unicode

"အဲ့ဒါစားလို့မရဘူးလေ"

စိုးရိမ်တကြီးအော်ပြောလိုက်တဲ့ ဝမ်ရိပေါ် ရဲ့အသံအကျယ်ကြီးကြောင့် ကန်တင်းတခုလုံးက သူတို့ထိုင်နေတဲ့ ဝိုင်းကို ပေါ်တင်တမျိုး၊ခိုးကြောင်ခိုးဝှက်တမျိုး လှမ်းကြည့်နေကြတော့တယ်..

မတတ်နိုင်ဘူး..
တရားခံက အရှေ့က အနွေးထည်အပါးလေးဝတ်ပြီး မှုန်ကုတ်ကုတ်ထိုင်နေတဲ့ တယောက်

အစာမာမာစားလို့မရသေးဘူးလို့ဆရာဝန်က ဒီလောက်ပြောထားတာတောင် ရိပေါ်ရှေ့က စားစရာတွေကို လာထိရဲတဲ့ လက်သေးသေးလေးကို အားနဲ့ဖြန်းခနဲ ရိုက်ပေးလိုက်တော့ သူ့လက်ကလေးသူကိုင်ရင်း မျက်နှာမဲ့သွားလေရဲ့..

"ဆန်ပြုတ်ပဲသောက် ကျန့်ကော"

ကိုယ်တိုင် မှာပေးထားတဲ့ ဆန်ပြုတ်ပန်းကန်လေး ရှေ့တိုးပေးလိုက်တော့ ထုံးစံအတိုင်းခေါင်းမာပြီး မထုံတတ်သေးလုပ်နေပြန်လေရဲ့..

"ဟိုနေ့ကလို ထပ်ဖြစ်ချင်နေတာလား
ကျန့်ကောက.."

သူ့ကိုမကြည့်ဘဲ တယောက်တည်း ရေရွတ်သလို ပြောနေတဲ့ ရိပေါ်က လေသံပျော့သွားတာမို့ စိတ်မကောင်းဖြစ်သွားမှန်း ရှောင်းကျန့်သိတယ်၊

ဟိုနေ့က နေမကောင်းဖြစ်သွားတာကို ခုထိသူ့ကြောင့်ပါလို့တွေးနေသေးတဲ့ကောင်လေးက ရှောင်းကျန့်ကို စိုးရိမ်ပေးတတ်နေပြီတဲ့လေ..

သုံးရက်ဆက်တိုက် စားနေရတာမို့ငြီးငွေ့နေပြီဖြစ်တဲ့ ဆန်ပြုတ်ပန်းကန်ကို ရှေ့ဆွဲပီး တဇွန်းခပ်သောက်လိုက်တယ်အရသာကိုမကြိုက်ပေမယ့်ကျိန်းသေပေါက်သူသောက်ရမယ်

ရိပေါ်မျက်မှောင်ကြုတ်ထားတာကို သူမမြင်ချင်ဘူး..

"ကောင်းလား.."

"အင်း ဆိုးပါဘူး"
မျက်နှာလေး အပျက်ပျက်အယွင်းယွင်း နဲ့ဆန်ပြုတ်ကို ကြိတ်မှိတ်သောက်နေတဲ့ ကျန့်ကောကို ကြည့်ပြီး ဝမ်ရိပေါ်က ကျောင်းအင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်တယ်..

"အဲ့ဒီပန်းကန်ပေး.."
တွေ့ရခဲတဲ့ မျက်နှာခပ်ရဲရဲနဲ့လက်ထဲက ပန်းကန်ကို ဆွဲလုသွားတဲ့ ရိပေါ်က ဆန်ပြုတ်ပူပူကို ဇွန်းနဲ့အသာအယာခပ်ရင်း အအေးခံနေတယ်..

Someone(Completed)Opowieści tętniące życiem. Odkryj je teraz