Extra (10) (Final)

12.8K 642 15
                                    

Zawgyi

မကြာမီမှာပဲ စစ်ရန်ရဲ့ကျန်းမာရေးမကောင်းတဲ့အမေ ဆုံးပါးသွားခဲ့သည်။ သူမက သားသမီးထက် အမျိုးကိုပိုခင်တွယ်တဲ့သူမို့် စစ်ရန်တို့အတူနေဖို့ခေါ်တာတောင်လက်မခံပဲ သူ့ညိမတွေအိမ်မှာပဲနေပြီး အခုဆုံးတော့မှစစ်ရန်တို့သိကြရသည်။ မမက ငိုပေမယ့် စစ်ရန်ကတော့ ထူးထူးခြားခြား ဝမ်းမနည်းမိပါ။ စစ်ရန် အသည်းမာတာမဟုတ်ပေမယ့် မျက်ရည်ကမကျနိုင်တော့ပေ။ ဆွေမျိုးတွေနဲ့ စီနျန်ကတောင် စစ်ရန်ရင်ထဲပြည့်သိပ်နေလို့ ငိုလို့မရဖြစ်နေတယ်လို့ထင်ကြ၏။

" ကိုကို ငိုချင်ရင်ငိုချလိုက် စိတ်ကိုတင်းမထားနဲ့ "

စီနျန်က စစ်ရန်ရဲ့ပုခုံးနှစ်ဖက်ကို အ​နောက်မှဆုပ်ကိုင်ထားပြီး တီးတိုးပြောသည်။ စစ်ရန်ခေါင်းယမ်းကာ ဈာပနအခမ်းအနားနှင့် ခပ်လှမ်းလှမ်းနေရာက ခုံတန်းလေးမှာသွားထိုင်လိုက်ပြီး မေမေ့ရုပ်ခန္တာထည့်ထားတဲ့ အခေါင်းကိုငေးကြည့်လိုက်သည်။ Bossတို့ကတော့ ပြည်ပရောက်နေသော်လည်း စစ်ရန်အမေဆုံးတာကို ထပ်တူဝမ်းနည်းရပါကြောင်း ပန်းခွေတွေပို့ပေးလာ၏။ Bossကိုလည်းကျေးဇူးတင်မိပါသည်။ လိုအပ်တာမှန်သမျှကို သူလုပ်ပေးမှာဖြစ်ကြောင်းနဲ့ စစ်ရန်ကို လစာပင်တိုးပေးထားသေးသည်။

" ပျောက်ကွယ်သွားတာကောင်းတယ် ​လောကကြီးထဲကနေ ​ပျောက်ကွယ်သွားတာ အမေ့အတွက်ကောင်းပါတယ် ငါ သူ့ရဲ့ နောက်ဆုံးအချိန်မှာ မျက်ရည်ကျလိုက်ရင် အ​မေ့ကို စိတ်မဖြောင့်အောင်လုပ်ပြီး သားသမီးအစွဲတွေ ဆွေမျိုးတွေကိုစွဲလမ်းတာတွေ ဖြစ်မှာစိုးလို့ ငါမငိုချင်ဘူး "

မေမေဟာ အယောင်ဆောင်ဆွေမျိုးတွေကြားမှာ သိပ်ကိုပင်ပန်းခဲ့တာ။ ဒါတောင် သူက ဒီအမျိုးအယောင်ဆောင်တဲ့ ​မြေခွေးအိုကြီးတွေကို ပေးကမ်းချင်နေတုန်းပဲ။ ဒါပေမယ့် သူမနောက်ဆုံးအချိန်ထိတော့ စိတ်ချမ်းသာခဲ့ရပါတယ်။ ​ဆွေမျိုးတွေက မေမေ့ဆီမှာ ဘိုးဘေးဘီဘင်အဆက်ဆက်ကလက်ဆင့်ကမ်းလာခဲ့တဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာအချို့ရှိမှန်းသိတာမို့ ကပ်တွယ်နေကြတာ။ မေမေ ကိုယ်တိုင်ကလည်း ဒါကိုသိသိလျက်နှင့် အချိုသပ်ထားခဲ့တာ။ ဒါကြောင့် အမေမဆုံးခင်မှာ အသည်းအသန်တွေပြုစုကြတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် နှလုံးသားထဲမှာတော့ သေချာပေါက်နာကျင်နေခဲ့မှာပဲ။ ဈာပနပွဲမစခင်အချိန်အထိ ဆွေမျိုးတွေက အမွေကိစ္စကိုပြောဆိုနေခဲ့ကြပြီး ဒါကို စစ်ရန်ကကြားခဲ့သည်။

A Contract Without Love? Forget It! (Completed)Where stories live. Discover now