အပိုင်း-၂၄ .(အပိုင္း-၂၄)

3.8K 229 3
                                    

Unicode

လင်းသည်အိမ်ရောက်လာပြီး အပြင်မှာတစ်ခုခုသွားစားရန်ရောက်လာခဲ့သည်။ သူလဲအိမ်ထဲမှာနေရတာပျင်းတာနဲ့အဝတ်အစားလဲကာ လင်းခေါ်ရာသို့လိုက်လာခဲ့သည်။ Juction Squareအပေါ်ထပ်ရှိနာမည်ကြီးကိုရီးယားဆိုင်ရှိရာသို့တက်လာခဲ့သည်။

"ကိုစစ်ဘာစားမလဲ။"

"ပဲခေါက်ဆွဲစားမယ်"

လရောင်လင်းသည်စားပွဲမှထကာကောင်တာရှိရာသို့သွားကာစားစရာအချို့မှာယူလိုက်သည်။
ထိုဆိုင်ထဲမှထွက်လာကာ လင်းသည်အဝတ်အစားဆိုင်သို့ဝင်သည်။ သူကတော့ဆိုင်ထဲဝင်ကာ အဝတ်အစားအချို့ကိုကြည့်နေမိသည်။

"လုံးလုံး..."

ဓာတ်လှေကားထိပ်မှခေါ်နေသော သရဖီစစ်ကို စစ်မင်းရောင်လှမ်းမြင်လိုက်သည်။ သရဖီစစ်သည်သူရှိရာဆိုင်ထဲသို့ပြေးဝင်လာခဲ့သည်။ သူ့ဆီပြေးဝင်လာသောကလေးငယ်ကို အလိုက်သင့်ပြန်လည်ပွေ့ဖက်ကာချီမြှောက်လိုက်သည်။

"စစ်ကဘယ်လိုကြောင့် ဒီကိုရောက်လာရတာလဲ။"

"ဖေဖေကမေမေ့ကိုသွားကြိုပြီးပြန်လာတာ။ ဒါကိုစစ်ကမုန့်စားချင်တယ်လို့ ဖေဖေ့ကိုအတင်းပူဆာပြီးဝင်လာတာ။ အခုလုံးလုံးကိုတွေ့ရပြီဆိုတော့ ဖေဖေတို့နဲ့ပြန်မလိုက်တော့ဘူး။"

ကလေးမလေးသည်အလွန်စကားတက်လွန်းပါသည်။ ဒါ့ကြောင့်လဲပါစစ်တို့တစ်အိမ်လုံးကချစ်နေကြတာဖြစ်မယ်။ သူလဲဒီကလေးမလေးသရဖီစစ်ကိုချစ်ပါသည်။ သူတင်မဟုတ်အိမ်ကဖေဖေနဲ့မေမေကပါ သရဖီစစ်ကိုချစ်ရှာပါသည်။

"ဟိုဦးဦးနဲ့အတူလာတာလား လုံးလုံးက။"

ကလေးငယ်သည်သူတို့နဲ့ဆန့်ကျင်ဘက်လားရာကို မေးငေါ့ကာပြောနေသည်။ သူလှည့်ကြည့်လိုက်တော့
အိကျီ်တွေရွေးနေသောလင်းကိုတွေ့ရသည်။ စစ်မင်းရောင်ပြုံးရယ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်လုံးလုံးက ဟိုကဦးဦးနဲ်စျေးဝယ်ထွက်လာတာ။"

"သမီးလေးကမောင်လေးဆီမှာကို"

အိကျီ်ရွေးနေရာမှလရောင်လင်းအကြည့်တို့ ကိုစစ်ထံကျရောက်လာခဲ့သည်။ ကိုစစ်နဲ့စကားပြောနေသူသည် သူသိပ်မုန်းရသောဒီပါစစ်မှုးဆိုသောလူနဲ့သူမ၏အမျိုးသမီးတို့ပင်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Where stories live. Discover now