13. School Trip (3)

829 128 36
                                    

(Zawgyi)

ကျယ်လောင်စွာမြည်လာသော ကုတင်ဘေးမှ Hotel တယ်လီဖုန်းသံကြောင့် ကျွန်တော်နိုးလာသည်...။ မထချင်သေး၍ မကိုင်ဘဲထားလိုက်တော့ သိပ်ကြာကြာ မြည်မနေဘဲ ရပ်သွားသည်...။

တစ်စုံတစ်ယောက်က ကျွန်တော့်ကို အလွန်နွေးထွေးစွာ ဖက်ထားပေးနေသလို ခံစားမိ၍ မျက်လုံးကို မနည်းဖြဲကြည့်တော့ ကျွန်တော့်မျက်နှာရှေ့တည့်တည့်မှာ ကျယ်ပြန့်သော ရင်ခွင်ကျယ်တစ်ခု...။ တဖြည်းဖြည်းနှင့် အပေါ်ကိုမော့ကြည့်လိုက်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေသော မျက်နှာတစ်ခု...။

ကျွန်တော့်တစ်ဦးတည်းသော ငယ်ပေါင်းကြီးဖော်သူငယ်ချင်း Jung Hoseok ပါ...။ အိပ်ပျော်နေ၍ တင်းမာနေမှုမရှိသော သူ့မျက်နှာက ဆွဲဆောင်မှုတော့ အတော်ရှိသား...။

အယ်... နေပါဦး... သူက ငါ့ကို ဖက်ထားတာလား??

အင်.. ငါကရော ဘာလို့ သူ့ခါးကို ဖက်ထားတာလဲ??

ကျွန်တော်မျက်လုံးပြူးသွားပြီး အတင်းလူးလဲထကာ အော်လိုက်သည်...။

"YAHHHHH!! JUNG HOSEOK!!!"

ကျွန်တော့်အသံကြောင့် သူ့မျက်ခုံးတွေ တွန့်သွားပြီး အသံလေးလေးဖြင့် ပြန်ဖြေလာသည်...။

"ဘာလဲ.. တိုးတိုးနေစမ်းပါ.. ငါအိပ်ရေးမဝသေးဘူး"

"ထစမ်း ထစမ်း... မနေ့ညက ဘာတွေဖြစ်သွားတာလဲ?!"

"ဘာဖြစ်နေလို့လဲ...??"

သူက ခုထက်ထိ မျက်လုံးမပွင့်သေးပါ...။

"မင်းက ဘာလို့ ငါကိုဖက်ထားတာလဲ...?? ငါကလည်း ပြန်ဖက်ထားတယ်... အား... မဖြစ်နိုင်တာ"

Hoseok က ခုမှမျက်စိဖွင့်ပြီး ခေါင်းကုတ်ကာ ပြောနေသော ကျွန်တော့်ကိုကြည့်ရင်း တစ်ချက်ပြုံးသည်...။

"မင်းပဲ ညတုန်းက ငါ့ကို အတင်းလာဖက်ပြီးတော့"

"ပြီးတော့...??"

"ချမ်းနေတယ်ထင်လို့ ငါလည်း ပြန်ဖက်ထားတာလေ"

"ပြီးတော့ရော??"

"ပြီးတော့ ဘာဖြစ်ရမလဲ.. ဆက်အိပ်သွားတယ်လေ"

"အော်....... ဟုတ်လား...??"

Sakura Story (Completed) Where stories live. Discover now