ချစ်ခြင်း အလွန် 🖤

134 11 0
                                    

Seungri အမှောင်ထုထဲမှာ အားသွန်ခွန်စိုက်ပြေးနေတယ်...ခြေထောက်တွေပြုတ်ထွက်မတတ် နာကျင်နေပေမဲ့ ရပ်တန့်လို့မဖြစ်...နှလုံးသားက ရင်ဘက်အပြင်ကို ခုန်ထွက်တော့မတတ် မောပန်းနေပေမဲ့ ဆက်ပြေးနေတုန်းပဲ...

အလင်းရောင်တခု...သစ်ပင်တွေပဲရှိတဲ့နေရာမှာ မှိန်ပျပျအလင်းရောင်တခုကို မြင်လိုက်ရတာမို့ သူအားတက်သွားတယ်...အဲ့လူလက်ထဲက လွတ်မြောက်ဖို့အတွက် ထိုအလင်းရောင်ကတခုထဲသော မျှော်လင့်ချက်ပဲ...

ဒါပေမဲ့ ထိုအလင်းရောင်ဆီ တလှမ်း လှမ်းလိုက်တိုင်း မျှော်လင့်ချက်ပမာဏက တထစ်လျော့ လျော့သွားရတယ်..

တကယ်ပဲ မလွတ်မြောက်နိုင်တော့ဘူးလား...သူ ဒီလောက်ထိ သေလုမြောပါး ပြေးခဲ့တာတောင် ဘာလို့ ဒီနေရာကိုပဲ ပြန်ရောက်နေရတာလဲ...ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်နဲ့အတူ လဲကျသွားတဲ့ သူ့ခန္ဓာကိုယ်...

ခြေထောက်တွေကို လာထိတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် သူလန့်နိုးလာတယ်...အဲ့လူပါပဲ...kwon ji yongဆိုတဲ့လူ...သူအိမ်မက် မက်နေတာ မဟုတ်ဘူး...ဒီနေရာကို ရောက်နေရတာကိုက သူ့အတွက်အိမ်မက်ဆိုးတခုလိုပဲမို့ အိမ်မက်တွေ မမက်တော့တာလဲကြာပြီ...

အဲ့လူဟာ အဲ့လိုပါပဲ...သူ့ဒဏ်ရာတွေ မပျောက်သေးခင် နူးနူးညံ့ညံ့ ညင်ညင်သာသာ ဆက်ဆံမယ်...ဒဏ်ရာတွေ ပျောက်သွားတဲ့နေ့ကျရင် ထွက်ပြေးချင်ဦးဆိုပြီး ကြာပွတ်နဲ့ ရိုက်ပြီး ဒဏ်ပေးလိမ့်ဦးမယ်...အနာပေးလိုက် ဆေးပေးလိုက်နဲ့ဆိုတာ အဲ့လူပါပဲ...

ရိုက်လို့ဝသွားရင် ပုံတူပန်းချီဆွဲပေးမယ်ဆိုပြီး သူ့ကို ထိုင်ခုံပေါ် ထိုင်ခိုင်းမယ်...ပြီးရင် ကိုယ့်လက်ဖဝါးကိုယ် ဓားနဲ့လှီးဖြတ်လိမ့်မယ်...ထွက်လာတဲ့ သွေးတွေထဲ စုတ်တံနှစ်ပြီး Canvasပေါ်မှာ လျှောက်ခြစ်မယ်...မလောက်ရင်လက်ကောက်ဝတ်က အကြောစိမ်းတွေကိုပါ သွေးထွက်ရုံလောက်လေး ထပ်လှီးလိမ့်မယ်...

အဲ့ဒိနောက် စုတ်တံကို ချိုးပစ်ပြီး တဆတ်ဆတ်တုန်ယင်နေတဲ့ လက်တွေနဲ့ canvas ကို တစစီ ဖျက်ဆီးလိမ့်ဦးမယ်...

canvasတခုလုံး ရစရာမရှိအောင် ပျက်စီးသွားတဲ့အခါကျမှ သော့ခတ်ထားတဲ့ အိမ်တံခါးကို ဖွင့်ပေးမယ် ပြီးရင် အခန်းထဲဝင်အိပ်လိမ့်မယ်...

ချစ်ခြင်း အလွန် 🖤 (one shot)Where stories live. Discover now