one shot

2.9K 181 58
                                    

[Zawgyi]
"ဆံထုံးတော်ကြီးတမာသီးနှင့်...ခါးစည်းဝတ်လဲ ချုပ်...%#$&*$×&:"$;;$$**$....ရေသည်မိန်းမသည်....ရေသည်မိန်းမသည်....ရေသည်.."

"မရသေးဘဲ အလွတ်မဆိုနဲ့လေ အငယ်လေး.."

ဆူလိုက်သည့်လေသံမှာတောင်နူးညံ့မှုတွေ ရောယှက်နေသည့်သြရှရှ အသံကြောင့်သူအတော်လေးအံ့သြသွားမိသည်။ဒီ အသံ...ဒါ...ကိုကြီး...သူငိုယိုတောင်းပန်နေသည့်ကြားမှနိုင်ငံရပ်ခြားကို ကျောင်းသွားတတ်သည့်ကိုကြီး။တစ်နည်းအားဖြင့် သူတိတ်တခိုး ချစ်နေရသည့် ဘေးအိမ်က ကိုကြီး။

"ဟင်...ကိုကြီး...ကိုကြီးပြန်ရောက်နေတာလား.."

သူလှည့်မကြည့်ရဲသေးပါ။သူ စာတွေမှတ်တာများပြီး စိတ်ထင်တာဖြစ်မှာကြောက်သည်။ဒီနှစ်တွေထဲမှာ ထိုသို့ ဖြစ်ရပ်မျိုးကို မကြာမဏကြုံနေရလို့ သူမပျော်ရဲသေး။ဒါပေမယ့် ခနခန အဲ့လိုဖြစ်သွားတဲ့ချိန်တိုင်းကိုကြီးအသံလေးကြားယောင် နေတာမို့ သူ စာကိုလည်းအထူးတလည် ကြိုးစားမနေခဲ့ပေ။

"အငယ်လေး..."

"တ...တကယ်ပဲ ကိုကြီးလား.."

"အင်း...ကိုယ်ပါ..လှည့်ကြည့်ပါအုံးကလေးရဲ့.."

သူမယုံကြည်နိုင်သေး။ ခန္ဓာကိုယ်အားတစ်ဖြည်းဖြည်းခြင်းလှည့်လိုက်ပေမယ့်လဲမျက်လုံးကိုတော့မဖွင့်ရဲသေးပေ။ခုချိန်ဆို ကိုကြီးပုံစံကဘယ်လိုဖြစ်နေမှာလဲ။အရပ်တွေပိုရှည်လာမလား...အရင်ကထက်ပိုပြီးချောလာမလား။အင်း....အရင်ကထပ်အရပ်သာပိုရှည်လာရင်တော့ မတွေးရဲစရာပဲ...ဘာလို့ဆို သူ့အရပ်က သိပ်မတတ်လာဘူးလို့မေမေကပြောတယ်လေ။

"ကလေး...အငယ်လေး...မျက်လုံးကြီးဖွင့်အုံးလေ..."

ဖွင့်ကြည့်လိုက်လေတော့သူ့အခန်းဝတွင်ပြုံးကာရပ်ကြည့်နေသည့်ကိုကြီးကတစ်ကယ့်ကိုခန့်လာလေသည်။အရင်တည်းကကိုကြီးအား အားကျ  ပြီး ချစ်နေရသည့်သူ့အတွက် ကိုကြီးကSuper heroတစ်ယောက်ပင်။

"ကိုကြီး...တစ်ကယ်ပဲ...ကိုကြီး...အီးဟီး.."

သူလည်း ကိုကြီးကိုယ်ပေါ်ခုန်တတ်လိုက်လေသည်။ခြေထောက်နှစ်ဖက်အားကိုကြီး ခါးတွင်ချိတ်တွယ်ထားလိုက်ရင်း ကိုကြီးလည်တိုင်အားဖတ်ကာ ရင်ဘက်ပေါ်မျက်နှာ အပ်ထားရင်း ငိုလိုက်လေသည်။ကိုကြီးက ရက်စက် တယ်...သူ့ကိုဖုန်းလေးတောင်မဆတ်ဖူး။

ပန်းချစ်သူ(one shot) completeTahanan ng mga kuwento. Tumuklas ngayon