Part 26

6.3K 687 15
                                    

Unicode
Zawgyi

      လေဆိပ်ထဲခေါင်းငိုက်စိုက်ကျနေတဲ့ အားထုန်ကိုကြည့်ပြီး ဒိုရာမိုင်း အားပျက်ချင်သလိုခံစားနေရသည်။အားထုန် သုခဘုံအပေါ် အတော်လေးသဘောကျနေတာသိသည်။ခုလိုအခြေအနေမျိုးတွင် သူလည်းအတော်ခံစားနေရမယ်ဆိုတာသိသောကြောင့် ဒိုရာမိုင်းငြိမ်၍သာနေလိုက်သည်။

" သွားရအောင်"

"အင်း"

      အားထုန်ခေါ်တဲ့နောက် ဒိုရာမိုင်းလိုက်လာခဲ့လိုက်သည်။ဘာအစီအစဥ္မှမရှိဘဲအားထုန်တစ်ယောက်တည်းဖြစ်နေမှာဆိုးသောကြောင့် သူလိုက်လာခဲ့ခြင်းပင်။အဲ့အတွက်လည်းသန်ဘက်ခါထိုင်ဝမ်က သူ့မိဘတွေသဘော တူသည့်ကောင်လေးတစ်ယောက်နှင့်တွေ့ဆုံမှုကိုသူ့ဘက်ကဖြတ်လိုက်ရသည်။မိဘတွေကတော့သန်ဘက်ခါမှာဘာတွေ ဆူပူကြိမ်း မောင်းကြဦးမလည်း သူမသိတော့ပေ။ခုချိန်သူသိတာက အားထုန်ကိုတစ်ယောက်တည်းထားလိုက်လျှင် ထိုကောင်လေးပို၍ဝမ်းနေမည်ကိုပင်။အဲ့အတွက်သူလိုက်လာခဲ့ခြင်းပင်။

" အားထုန် ပင်ပန်းရင် အိပ်လိုက်လေ"

"အင်း ခများ ပုခုံးခဏငှားပေးနိုင်မလား"

"ရတာပေါ့ ငှားပေးလို့ရတာပေါ့ .. သိပ်သိပ်ရ"

      ဒိုရာမိုင်းရဲ့ ပြုံးရွှင်မြူးထူးစွာပြောလာသောစကားကြောင့် အားထုန်ရယ်လိုက်မိသည်။စိတ်ထဲကနေလည်း ဒီလူငပြောင်ဆိုပြီးပြောနေမိ၏။တစ်နေ့လည်လုံး သုခဘုံကိုစိုးရိမ်းနေသည်မို့သူ့စိတ်တွေအတော်လေး ပင်ပန်းနေပြီဖြစ်သည်။ပုခုံးအဆင်သင့်ငှားပေးသူရှိသောကြောင့် သူ့ကိုယ်ကိုအသာလျှောချလိုက်ရင်း ဒိုရာမိုင်းပုခုံးပေါ်ခေါင်းတင်ကာအိပ်စက်လိုက်သည်။

...............၊

" ဟို .. ကျွန်တော်က ကျောင်းမပြီးသေးဘူး ဆိုတော့ မြန်မာနိုင်ငံမှာ အကြာကြီးနေလို့မရ သေးဘူး"

     ဘုံဘုံ ပြောလိုက်တော့ကိုကို့မျက်နှာက အနည်းငယ်ပျက်သွားတာတွေ့ရသည်။ပြီးတော့ဘာမှမဖြစ်သလို ဘုံဘုံ့ကိုပြန်ပြုံးပြလာသည်။

" ဘုံဘုံက ကျောင်းတက်ချင်သေးလို့လား"

"အင်း .. တက်မှတော့အဆုံးထိတက်ရမှာပေါ့"

သူ့ထံမှတစ်ပါး/သူ႕ထံမွတစ္ပါး (Complete)Where stories live. Discover now