Arc 1.18

1.1K 129 9
                                    

အဲ့နေ့ကစပြီးLaylaကိုမျက်စိအောက်ကနေအပျောက်မခံ
တော့ပေ...မနက်ပိုင်းကျရင်Christianကိုယ်တိုင်လိုက်ပို့
ပြီးတော့...အတန်းပြီးရင်Alexကလာကြိုသည်...တစ်ခါကဆိုရေချိုးနေတုံးဖုန်းလာသံမကြားလို့မကိုင်မိတာကို...ကုမ္ပဏီကနေချက်ချင်းပြန်လာတာကိုမှတ်မိသေးသည်...အဲ့ကိစ္စဖြစ်
ပြီးတော့နောက်ပိုင်းအတန်းပြီးတာနဲ့ကုမ္ပဏီသို့သွားရသည်...
ရုံးဆင်းမှအတူတူပြန်ရသည်...အဖွားဖြစ်သူကသတင်းကြား
တော့ခေါ်ထားချင်ပေမယ့်...Christianကစိတ်မပူ
ရန်အာမခံထားလို့ခွင့်ပြုထားသည်။

Laylaကိုပြန်ပေးဆွဲခဲ့တဲ့လူနှစ်ယောက်ကတော့အရိုးကျိုး
မတက်အရိုက်ခံရပြီးလွှတ်ပေးလိုက်တယ်လို့Snowလာပြော
လို့သိရသည်...ဒီလိုနဲ့Christianရဲ့မွေးနေ့ကိုရောက်လာ
သည်...အဖွားနဲ့အမေဖြစ်သူကခေါ်လို့နေ့တစ်ဝက်
လောက်Spaမှာအချိန်ကုန်ခဲ့သည်...မလုပ်ချင်ပေမယ့်လူကြီး
ကိုမငြင်းကောင်းလို့လုပ်ခဲ့ရသည်...တိုက်တိုက်ဆိုင်ဆိုင်
Roseနဲ့လည်းတွေ့သည်...တကိုယ်လုံးပေါင်းတင်ပြီးတော့ဘာကြောင့်မှန်းမသိပင်ပန်းသလိုခံစားရသည်...လုပ်နေတဲ့
တလျှောက်လုံးနားမုဒိမ်းကျင့်ခံရသည်...Roseကသူ့ကို
Nickကမျက်စိဒေါက်ထောက်ကြည့်နေတဲ့အကြောင်း...ဖုန်း
မကိုင်ရင်လည်းဘာလုပ်နေလို့ဖုန်းမကိုင်တာလဲဆိုတာကအစ
မေးတဲ့အကြောင်း။

Spaကနေပြန်တော့စားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီးစား
သောက်ပြီးတော့အဖွားဖြစ်သူအိမ်ဆီချီတက်ကြသည်...အိမ်
ရောက်တော့လူ၈ယောက်ထိုင်နေတာကိုမြင်ရသည်
သခင်မကြီးWinsletကိုမြင်တော့အရိုအသေပေးလိုက်
သည်...သခင်မကြီးWinsletကခေါင်းငြိမ့်ပြလိုက်ပြီး
နောက်Laylaနဲ့Mrs.Swiftဘက်လှည့်ပြီးပြောလိုက်
သည်။

"ကဲ...နှစ်ယောက်လုံးအဆင်သင့်ဖြစ်ပြီလား"

Laylaအဖွားဖြစ်သူရဲ့အပြုံးကိုမြင်တော့ကျောချမ်းလာ
သည်...Laylaယောက်မဖြစ်သူLizzieအပါအဝင်
လေးယောက်သားဘးမှာလည်းStylistနှစ်ယောက်စီက
ပြင်ဆင်နေကြသည်...ပြင်ဆင်နေတုံးတံခါးခေါက်သံကြားလို့
ဝင်လာခိုင်းတော့Willaimကဘူးကြီးတစ်ခုကိုင်လာရင်း
ပေါ်လာသည်။

"မိန်းမလှလေးတို့...နှောင့်ယှက်ရတာအားနာပါတယ်...
ညီမလေးအတွက်"

Wish SystemWhere stories live. Discover now