အပိုင်း ၉

805 88 10
                                    

Unicode

         အခန်းတံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိသည် ။ Hyuckie လေး ရှိမနေ ။

        " Hyuckie .!! ခလေး "

        ဒီအခန်းကလွဲရင် ဘယ်မှာမှ ရှိနိုင်မှာ မဟုတ်တဲ့အတွက် ရေချိုးခန်းကို ဦးတည်လိုက်သည် ။

        " Hyuckie !!!!! "

        " အ ..ဘာလို့ ဝင်လာတာလဲ "

        အပေါ်ပိုင်း အင်္ကျီချွတ်ထားတာကြောင့် မလုံမလဲ လက်လေးတွေနှင့် ရင်ဘတ်ကို ကာထား၏ ။ ကျွန်တော် အာရုံရောက်မိသည်က သူ့ရင်ဘတ်‌ပေါ်  မဟုတ်ပဲ  လက်မောင်း‌ပေါ် က ထင်းနေသည့် အရှိုးရာလေး ။

         " ဘာလို့လဲ ..ဘာလို့ ကိုကို့ကို ဒီဒဏ်ရာအကြောင်း မပြောပြတာလဲ "

         " ကျွန်တော် ပြောပြချိန်ရခဲ့လို့လား !?? ပြန်ရောက်ပါပြီဆိုကတည်းက ကျွန်တော့်ကို အရေးမပါတဲ့ မေးခွန်းတွေ မေးပြီး အရင်စိတ်ဆိုးနေခဲ့တာလေ "

         ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နားရွက်ဖျားလေးတွေကို မွတ်သိပ်စွာ အကြိမ်ကြိမ် နမ်းလိုက်မိသည် ။ ကျွန်တော် ဒီခလေးကို ဘယ်လိုတောင် တောင်းပန်ရတော့မလဲ ။

        " တောင်းပန်ပါတယ် ကိုကို့ သဝန်တိုမှုတွေကို ရှေ့တန်းတင်ခဲ့မိလို့ .."

     " အားးး သိပြီမလို့ လွှတ်တော့ အသက်ရှုကြပ်လာပြီ "

         တင်းနေအောင် ဖက်ထားမိသည့် ကိုယ်လေးကို ခလေး ဒီထက် အသက်ရှုမကြပ်ခင် လွှတ်ပေးလိုက်ရသည် ။ အရှိုးရာ နီနီလေးကို ကြည့်ပြီး စိတ်ထဲ မကောင်း ။ ကာကွယ်ပေးဖို့ ဆိုတာထက် ကျွန်တော်က စိတ်ဒုက္ခတွေ ပေးနေခဲ့မိတာ ။

         " ဆေးဗူး မရှာချင်လို့ Nature Republic ရှားစောင်းလက်ပက် လူးမယ်ဆိုပြီး နှိုက်တာ လက်သည်းက ရှည်နေတော့ လက်သည်းကြားထဲ ဝင်ဝင်နေတာ မနေတက်ဘူး ၊ အဲ့တာနဲ့ လက်နာနေတဲ့ကြားထဲက ကြိုးစားညှပ်နေရတာ Jeno ကူညှပ်ပေးလို့ အဆင်ပြေသွားတယ်လေ ၊ ကိုကို့ကို သဝန်တိုစေဖို့ မရည်ရွယ်ပါဘူး .."

        " ဟုတ်ပါပြီ ခလေးရယ် ..၊ ကိုကို့ကို ရှင်းပြစရာ မလိုပါဘူး .."
  
         ရိုက်မိထားတဲ့ နေရာက ယောင်ပြီးဖောင်းနေလို့ ဆေးအမြန် လူးပေးလိုက်ရသည် ။ တစ်ခါတစ်လေကျရင် ဒီကောင်လေး အပြစ်ကင်းစင်မှုက ကျွန်တော်နဲ့တောင် မထိုက်တန်ဘူးလို့ ခံစားမိသည် အထိ ။

Melancholy [ Completed ]Where stories live. Discover now