*my love from galaxy part 14*

689 59 0
                                    

"နန်အာ"
ချစ်ခြင်းတခုက အပြန်အလှန်မရှိခဲ့ရင်တောင်
ကျမပေးတဲ့ချစ်ခြင်းနဲ့ ထပ်တူပြန်မရခဲ့တောင် သူမကို ပိုချစ်နေမှာပါ
သူမဘက်မှာ ကျမအမြဲရှိနေမှာကို သိနေရုံနဲ့
ကျမရဲ့ချစ်ခြင်းအတွက် လုံလောက်ပါတယ်
သူမယုံကြည်ရတဲ့လူတယောက်အနေနဲ့
ကျောခိုင်းမသွားတဲ့လမ်းကိုပဲ ရွေးချယ်ချင်တာပါ
အဲ့တာက နာကျင်ရတယ်လား
ကျမတို့တွေ တစုံတယောက်ကို ကျမတို့ရဲ့အတ္တထက်ပိုပြီး ချစ်မြတ်နိုးမိတဲ့အခါ ပေးဆပ်ခြင်းသက်သက်သာရှိတဲ့အချစ်တခုကို အရှုံးလို့
မသတ်မှတ်နိုင်ဘူးမဟုတ်လား
သူမရဲ့ဖြစ်တည်မှုလေးအတိုင်း ကျေနပ်ပျော်ရွှင်နေရင်ပဲ ကျမအတွက် အဆင်ပြေပါတယ်
သူမနှလုံးသားက ကျမအတွက် မဟုတ်ခဲ့ရင်တောင် သူမရဲ့အပြုံးတွေကို အနီးကပ်မြင်နေခွင့်ရရုံနဲ့ ကျမအတွက် တကယ်ကို လုံလောက်ခဲ့ပါတယ်
တစုံတယောက်က အချစ်ကိုရယူခြင်းပါလို့
ပြောလာခဲ့ရင် ကျမအတွက် အချစ်ဆိုတာက
ပေးဆပ်ခြင်းနဲ့ ဖြည့်စည်းခြင်းလို့ပဲ ဆိုပါရစေ
အချိန်တခုကြာ‌အောင် စောင့်ဆိုင်းခြင်းက
ကျမတို့ရဲ့ဆန္ဒတွေကို ပြည့်စေတတ်ပါသလား
ပြောင်းလဲခြင်းသာ အမှန်တရားတခုဆိုရင်
ကျမမှာရော ပျော်ရွှင်ခြင်းရှိနိုင်လား

"မမနန်အာ"
"ရာဇီ နိုးလာပြီလား ခန္ဓာကိုယ်ကရော နာနေသေးလား"

ကျမ တချိန်လုံးဆုပ်ကိုင်ထားမိတဲ့ ရာဇီရဲ့လက်ကို လွှတ်လိုက်ပြီး သူမထနိုင်ဖို့ ကျောပြင်ဘက်နေ သိုင်းဖက်ပြီး ထူပေးလိုက်တယ်
ရာဇီက အလိုက်သင့်လေးပဲ ကျမရင်ခွင်ဆီ
ခိုဝင်လာတယ်
သူမရဲ့လက်တွေကပါ ကျမကျောပြင်ကို
ဖက်တွယ်ထားတယ်

"မမရင်ခွင်က နွေးလိုက်တာ"

သူမရဲ့အသံတိုးလျလွန်းတော့ ကျမ သေချာမကြားရဘူး

"ရာဇီ ဘာပြောလိုက်တာလဲ"
"ကျေးဇူးတင်ပါတယ်လို့"
"အဲ့ဒီစကားက မမတို့ကြားမှာ မလိုအပ်ဘူးလေ"
"သိပါတယ် ဒါပေမယ့် တကယ်ကို ကျေးဇူးတင်မိလို့ပါ"

အမြဲတမ်းပဲ ကျမရဲ့နှလုံးသားကို နွေးထွေးစေတာကြောင့်ပါ
မမနန်အာက ကျမအတွက် အလင်းတစယူလာပေးတဲ့ လူတယောက်ပါ
သူမရောက်မလာခင်က ကျမဘဝတခုလုံး
အမှောင်ထဲမှာ အမြဲလမ်းပျောက်ခဲ့ရတယ်
တဖြေးဖြေးဝေးကွာသွားတဲ့ ကျောပြင်တွေကို
ငေးကြည့်ရင်း
တိုးလျသွားတဲ့ခြေသံတွေကို နားဆင်ရင်း
ကျမနှလုံးသားက နာကျင်မှုတွေနဲ့ အကျဉ်းကျနေခဲ့ရင်း
နှလုံးသားရဲ့တံခါးချပ်ကို အသာအယာဖွင့်ဟပြီး
လောကကြီးကို ငေးကြည့်ဖို့တောင် ကျမမှာ
မဝံ့ရဲခဲ့ဘူး
တစိမ်းတယောက်ကို ယုံကြည်ဖို့ဆိုတာ
ကျမအတွက်တော့ ခက်ခဲလွန်းတဲ့တောင်တက်ခရီးတခုလိုပါ
မမနန်အာက ကျမအတွက် အဲ့ဒီခက်ခဲလွန်းတဲ့တောင်တန်းကို‌ဖြတ်ကျော်ဖို့ လက်ကမ်းပေးတဲ့သူတယောက်ပါ
ကျမကြောင့်ရတဲ့ နာကျင်မှုတွေရှိမယ်ဆိုပေမယ့်
ကျမလက်ကို ဘယ်တော့မှမလွှတ်ခဲ့တဲ့လူတယောက်
ကျမအတွက် တန်ဖိုးကြီးလွန်းတဲ့လူသားတယောက်ပါ
တခါတခါကျတော့ ကျမက သူမရဲ့ပေးဆပ်ခြင်းနဲ့ မထိုက်တန်လောက်အောင် နိမ့်ကျလွန်းတဲ့လူတယောက်
သူမရဲ့တန်ဖိုးထားမှုတွေနဲ့ မထိုက်တန်နိုင်အောင်
ရူးမိုက်လွန်းတဲ့လူတယောက်ပါ
ဒါပေမယ့်လည်း သူမကို လက်လွှတ်ပေးဖို့
မတွေးနိုင်ခဲ့ဘူး
တကယ်က အမြဲဆုပ်ကိုင်ထားပေးတဲ့ သူမရဲ့လက်ကို မလွှတ်စေချင်ခဲ့တာပါ
ကျမက သူမရဲ့နွေးထွေးမှုမှာ အသားကျနေပြီးတဲ့လူတယောက်မို့
ကျမကိုယ်ကျမ ချစ်မြတ်နိုးနိုင်အောင်
သူမရဲ့ချစ်ခြင်းတွေနဲ့ ကျမကို လမ်းပြပေးခဲ့တယ်
ကျမမေ့ထားမိတဲ့ တန်ဖိုးတခုကို သူမရဲ့လေးနက်ခြင်းတွေနဲ့ ကျမကို မြင်တွေ့စေခဲ့တဲ့
လူတယောက်
ကျမကျောခိုင်းထားတဲ့နယ်ပယ်တခုဆီ
ဆွဲခေါ်ပြီး ကျမအတွက် ပျော်ရွှင်ခြင်းတွေကို
ယူဆောင်လာပေးသူ
သူမက ကျမအတွက်တော့ သူစိမ်းတယောက်ဆိုတာထက် အများကြီးပိုခဲ့ပါတယ်

*my love from galaxy*(complete)Where stories live. Discover now