အပိုင်း (၄၂)

391 17 1
                                    

Unicode

          " ညီ! ညီ နိုးလာပြီလား "

                   နားထဲတွင် ကိုကို့ရဲ့ ခေါ်သံ သဲ့သဲ့ကိုကြားရပြီး မျက်လုံးကို အားယူဖွင့်လိုက်တော့ ပြတင်းပေါက်မှ တစ်ဆင့်ဝင်ရောက်နေတဲ့ အလင်းရောင်ကြောင့် မျက်လုံးစူးသွားသည် ။

          " ညီ! ကိုကို ဒီမှာ ရှိနေတယ်နော် "

                   ကိုကိုက 'နှိုင်း' ရဲ့ ဆံပင်များကို အသာသပ်တင်ပေးရင်း ပါးစပ်ကနေလည်း တဖွဖွပြောနေရှာသည် ။ 'နှိုင်း' လဲ မျက်လုံးများကို လက်ဖြင့် အသာပွတ်ကာ ဖြေးဖြေးချင်းဖွင့်လိုက်တော့ သူ့ကို စိုးရိမ်တကြီးငုံ့ကြည့်နေတဲ့ ကိုကို့ကို မြင်ရသည် ။

          " ကို ကိုကို......."

          " ဟုတ်တယ်လေ ညီ ၊ ကိုကို.....ကိုကိုလေ "

                    ကိုကိုက 'နှိုင်း' ရဲ့လက်တွေကို အသာယာဆုပ်ကိုင်လိုက်ရင်း ပြန်ဖြေလာသည် ။ 'နှိုင်း' လည်း ကိုကို့ရဲ့ လက်တွေကို အားပြုပြီး အိပ်နေရာကနေ ထလိုက်သည် ။

          " ကိုကို! အင့် "

                    'နှိုင်း' က ကိုကို့ကို ဆွဲဖက်လိုက်ရင်း ရင်ခွင်ထဲ တိုးဝင်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသည် ။ 'လှိုင်း' လည်း ရင်ထဲနင့်စွာပင် 'နှိုင်း' နဲ့ နောက်ကျောပြင်ကို အသာပုတ်ပေးနေမိသည် ။ ဒီလောက်ဆို ညီ အကုန်လုံးကို သိပြီးပြီဆိုတာ အမှန်ပင်ဖြစ်လောက်သည် ။

          " အဖြစ်မှန်အကုန်လုံးကို သိပြီးပြီမလား ညီ "

                    ရွှေအိုရောင် ဆံပင်တွေထဲကို လက်ချောင်းရှည်တွေတိုးဝင်ရင်း ခပ်ဖွဖွပုတ်ပေးကာ တိုးညှင်းစွာမေးလိုက်တော့ 'လှိုင်း' ရင်ခွင်ထဲကို မျက်နှာအပ်ကာ ငိုကြွေးနေတဲ့ 'နှိုင်း' က ခေါင်းငြိမ့်ပြသည် ။ ညီ မေ့နေတဲ့ အချိန် ညီ့သူငယ်ချင်းကောင်မလေးက 'လှိုင်း' ဆီ လာပြီး အကုန်လုံးကို ပြောပြသွားသောကြောင့် 'လှိုင်း' သိနေခြင်းဖြစ်သည် ။
                    ညီတစ်ယောက်ထဲ ခါးသီးလှတဲ့ အမှန်တရားကို ရင်ဆိုင်နေခဲ့ရမှန်း သိလိုက်ရတဲ့အတွက် 'လှိုင်း' ရင်ထဲ စိတ်မကောင်းခြင်းနဲ့ အတူ ညီ့ကို ဂရုဏာသက်နေမိသည် ။ အဖြစ်မှန်တွေ မသိခင်တုန်းကလည်း ညီ့ကို ဘယ်လိုပြောပြရမလဲ မသိသလို အဖြစ်မှန်တွေ သိသွားတဲ့ အချိန်မှာလည်း ညီ့ကို နှစ်သိမ့်ပေးစရာ စကားတစ်စုံတစ်ရာ 'လှိုင်း' မှာ မရှိပေ ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now