Part(31)

2.4K 174 12
                                    

Unicode

"အင်း "

"တကယ်နော် ဦး"

"အင်းဆိုကွာ ဘယ်လိုဖြစ်နေတာတုန်း"

ထည်လင်းက သူ့ကိုစိတ်မရှည်တော့။ခွင့်ပြုမယ်လို့ပြောပြီးသည်ကိုပဲ ထပ်တလဲလဲပြန်မေးနေသော မဟော် မဟုတ်ပေလား။မဟော့်အနေနှင့်ကလည်း သေချာချင်၍ပြန်မေးခြင်းပါပေ ။သို့သော်ငြား ထပ်မေးနေလျှင် လက်စာမိတော့မည်မို့ အကျေနပ်ဆုံးမျက်နှာထားကြီးဖြင့်ပြုံးရင်း ကွန်ပျူတာဖန်သားပြင်ကိုပင်ပြန်၍အာရုံစိုက်‌ေနလိုက်တော့၏။

အချိန်ကား 8:30။
ဖြာနေသော လရောင်သည် ဖွင့်လှစ်ထားသော ပြတင်းပေါက်မှ အခန်းအတွင်းသို့တိုးဝင်လာ၏။မြို့ပြမို့ ထိုလရောင်တိုးဝင်ခြင်းသည် မာကျူရီမီးများအောက်တွင်မထင်ရှားလှ။ခပ်ရိပ်ရိပ်ကလေးဖြစ်၏။

ထည်လင်းကိုကြည့်လျှင် မှို့ယာထူထူထက်ဝယ် ကုတင်ခေါင်းရင်းကိုမှီထားသော ခေါင်းအုံးပေါ်ဝယ် ခေါင်းမှီကာ ကုတင်းဘေးဘက် စားပွဲပေါ်တွင် မဟော် အသင့်ဖျော်ထားပေးသော ကော်ဖီတစ်ခွက်ဖြင့် ဖုန်းကြည့်ရင်း ဇိမ်ကျနေလေ၏။တစ်နေ့တစ်နေ့ သူ့အလုပ်က သိပ်မရှိလှ။ရေချိုးခန်းဝင်လျှင်ပင် ခြေချော်လဲမည်စိုးသောကြောင့်  လိုက်ပို့လိုက်ကြိုလုပ်ပေးသော ထိုကောင်လေးရှိသည်မဟုတ်လား။ကြီးလျှင်မှီငယ်လျှင်ချီဆိုသောစကားက သိပ်တော့ ဘောင်မဝင်လှ။အသက်ကြီးကြီး ငယ်ငယ် ချစ်မြတ်နိုးခြင်းထုထည်နှင့်ပဲဆိုင်သည်ဟူ၍ ထည်လင်းယူဆမိပါ၏။

ဖုန်း Screenကိုကြည့်နေပါသော်လည်း ဖုန်းထဲစိတ်မရောက်လှ ။ အတွေးနယ်ချဲ့ရင်း အကျေနပ်ကြီးကျေနပ်နေမိသည်။ဖြစ်နိုင်ရင် "ငါ‌့လောက်ဘယ်သူကံကောင်းလဲ"လို့ပါ တစ်လောကလုံးကို ကြွားရင်း ဂုဏ်ယူနေမိမည်ထင်သည် ။

ဖုန်းကို တစ်လှည့် အလုပ်ကြိုးစားနေသော ကောင်လေး၏ကျောပြင်ကိုတစ်လှည့်ကြည့်ရင်း ပြုံးမိသည်။

"ဦး ညောင်းရင်ခေါ်လိုက်နော်။ကျွန်တော်နှိပ်ပေးမယ်။ "

"အင်း"

စကားစသည်တိုတောင်းလှသော်လည်း ကျေနပ်ခြင်းပျားရည်ချိုစိမ့်စိမ့်သည် နှလုံးသွေးကြောအစုံအတွင်း ယှက်ဖြာစီးဆင်းကာ စိမ့်ဝင်လျက်ဖြစ်၏။

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now