💔 မငိုကြေး 💔 (Extra )

916 57 1
                                    

💔 မငိုကြေး 💔 (Extra )
(........ဝိဥာဥ်လိပ်ပြာ.......)

!!!! ကိုကို See you next life.... ကိုကို့ကို ကျွန်တော်ချစ်တယ်....!!!!

⏰⏰တီတီ.....တီတီ........⏰⏰

XZ. ." ဟားးးးးးးးး အာ..အိပ်မက်မက်ပြန်ပြီ.ဟူး"

အိပ်မက်မက်နေရင်းမှ ရှောင်းကျန့်နိုးလာရသည်... တစ်ကိုယ်လုံးချွေးများနစ်နေကာ.
မကြာခဏမက်လေ့ရှိသောအိပ်မက်တစ်ခု.
ခက်တာက... အိပ်မက်ထဲတွင် သူ့အားချစ်ကြောင်း သူအား မည်မျှထိလွမ်းကြောင်းအား ပြောနေသံကိုကြားရပြီး...ဘယ်သောအခါမျှ လူလုံးမမြင်ရပေ...

အဆုံးသတ်တွင် 'See you next life ကိုကို' ဟုပြောစမြဲ...ထိုစကားသံလေးကြားတိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာ သူနိုးထလာရစမြဲ..

နှိုးစက်သံကြောင့် နိုးလာခဲ့ပြီး...ရေချိုးခန်းသို့ဝင်ကာ...ရေပန်းအားဖွင့်ချလိုက်ပြီး...
သက်ပြင်းမောကိုချမိသည်...
ဒီအိပ်မက်ရှည်သည် သူ့ဘဝ၏ ပုစ္ဆာတစ်ပုဒ်ဆိုလည်းမမှား....

ထိုနောက် လက်ကောက်ဝတ်မှ မွေးရာပါ ကန့်လန့်ဖြတ်အမာရွတ်လေးအားကြည့်ရင်း...အတွေးစတို့အားဖြတ်ချလိုက်သည်...
..........

(ရှန်ဟိုင်း ရဲဌာန.....)

ကလစ်....

ဟိုက်ခွမ်း.." ဆရာရှောင်း...အမှုတစ်ခုတော့ရှိဆရာ..."

XZ. ." ဟုတ်...ဘာများထူးဆန်းလို့လဲဗျာ...နေ့တိုင်းအမှုပေါင်း ရာနဲ့ချီပြီးရှင်းပေးနေရတာပဲကို...."

ဟိုက်ခွမ်း.." မဟုတ်ဘူးဆရာ...အခုကထူးဆန်းတယ်"

XZ. ." ဘယ်လိုကြောင့်များလဲဗျာ..."

ဟိုက်ခွမ်း.." ဒီလိုဆရာ...ကျွန်တော်တို့ အခုလိုက်နေတဲ့ ကွင်းဆက်လူသတ်သမားအမှုလေ..."

XZ. ." အင်း...ဘာထူးလို့လဲ..."

ဟိုက်ခွမ်း.." ပြီးခဲ့တဲ့တစ်ခေါက်က တွေ့တဲ့ ကျူးလွန်ခံရသူလေ..."

XZ. ." အော...စိတ်ကျန်းမားရေးထိခိုက်ပြီး ဘာမှမပြောနိုင်ဘူးဆိုတာ..."

ဟိုက်ခွမ်း.." ဟုတ်လိုက်လေဆရာ...ဒီနေ့ စကားစပြောလာတယ်တဲ့...အဲ့ဒါ သွားစစ်ဆေးတယ်ဆရာ..."

💖 Gabar Oo's One Short Collection 💖Where stories live. Discover now