1❣️uni+zawgyi

3.5K 204 20
                                    

ဆေးရုံကြီးတစ်ခုရဲ့...ခေါင်မိုးထပ်မှာ..တိတ်ဆိတ်စွာငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်....

"ကြောက်တယ်...အဖေ"

သူ့ဘဝမှာအဖေဆိုတာရဲ့ကြင်နာမှုကိုမထိတွေ့ခဲ့ရပေမယ့်...မျက်ရည်တွေကြားက.သူနာကျင်စွာတမ်းတမိသည်....

ပိုက်ဆံတွေအတွက်သူ့ရဲ့အသက်ကိုရင်းလိမ့်မယ်လို့...သူအဖေသာသိခဲ့ရင်....မင်ယွန်းဂီ..သေချာပေါက်ထိုးနှက်ခံထိမှာပင်....

သို့ပေမယ့်..သူဆုံးဖြတ်ချက်ချပြီးပြီ...သူအမေရဲ့အကြွေးတွေကြေဖို့ဆိုရင်....သူ့မိသားစုအသက်အန္တရာယ်ကိုကာကွယ်ဖို့ဆိုရင်...ဒီအချိန်မှာဒီနည်းလမ်းကဘဲ..အသုံးဝင်လိမ့်မယ်....

သူ့မိသားစုကသိပ်ဆင်းရဲတယ်..သူ့အဖေကလည်း...သူများဖမ်းတာခံထားရသေးတယ်....အကြောင်းကအကြွေးတွေကြောင့်...သူ့အမေနဲ့အကိုကြီးကပိုက်ဆံတွေကိုတတ်နိုင်သမျှလိုက်ရှာကြပေမယ့်....လုံးဝအဆင်မပြေခဲ့ဘူး....

*လောကကြီးကသိပ်ကြောက်ဖို့ကောင်းသည်....လူချမ်းသာတွေကျတော့ပိုက်ဆံနဲ့လက်အောက်ငယ်သားတွေကိုကြိုက်သလိုလိုသလို...ခိုင်းနေတော့တာဘဲ....ဖေဖေ..ဖေဖေ့ကိုသူတို့တွေဖမ်းထားကြတာ.....တစ်ပတ်အတွင်းပိုက်ဆံကိုပြန်မဆပ်နိုင်ရင်...ဖေဖေ့ကိုသတ်ပစ်မှာတဲ့....
ကြောက်တယ်...ဖေဖေတခုခုဖြစ်မှာကို....မနက်ဖြန်ဆိုတပတ်ပြည့်ပြီ....ကျွန်တော်သာဒီလမ်းကိုမရွေးခဲ့ဘူးဆိုရင်...ဖေဖေအသက်ရှင်မှာမဟုတ်ဘူး.......ဖေဖေ့ကျေးဇူးကိုဆပ်ဖို့ကျွန်တော့်အသက်ကိုရင်းရဲပါတယ်.......*

Yoongiရွေးချယ်ခဲ့တဲ့လမ်းကတော့...နှလုံးအစားထိုးခွဲစိတ်ခြင်းပါဘဲ.... သူသာဒီကိစ္စကိုလက်ခံလိုက်မယ်ဆို.....နေတဲ့ပိုက်ဆံအမြောက်အမြားအပြင်သူ့ဖခင်ကိုပါကယ်တင်နိုင်မယ်လေ......သို့ပေမယ့်....သူ့အသက်ကတော့အာမမခံနိုင်သောအခြေအနေ.....

Yoongi...တိတ်ဆိတ်စွာဒူးထောက်ကိုကြွေး...နေလိုက်သည်......ထိုအချိန်သူ့အနားကိုရောက်လာသော.....ခန့်ချောချောလူတစ်ယောက်......

နေပူနေတာကြောင့်....ထိုသူရဲ့အရိပ်ကyoongiရဲ့ခန္ဓာကိုယ်သေးသေးကိုနေရာင်မှာကာထားပေးသလိုဖြစ်နေသည်.....

ထာဝရမင်းအနားမှာ(Completed)Where stories live. Discover now