ဟိုးရှေးရှေးတုန်းက မှော်ပညာအရာမှာ ပြိုင်စံရှားတဲ့တိုင်းပြည်ကြီးတစ်ပြည်မှာ အရမ်းကို ချောလွန်းပြီး အစစအရာရာပြည့်စုံနေတဲ့ မင်းသားလေးတစ်ပါးရှိတယ်တဲ့
အဲ့မင်းသားလေးရဲ့ ဘဝက လိုချင်တာ မရရလေအောင်ပြည့်စုံနေပေမယ့် မရရှိခဲ့တဲ့ အရာတော့ရှိလေသတဲ့
အဲ့တာကတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ အရာပဲတဲ့....
မင်းသားလေးငယ်ငယ်တည်းက မိဘတွေဖြစ်တဲ့ မင်းကြီးနဲ့ မိဖုရားကြီးက ဆုံးပါးသွားလေတာမို့ မိဘတွေရဲ့ ချစ်ခြင်းကိုလည်း ခံစားခဲ့ရခြင်းမရှိဘူးတဲ့
မိဘတွေဆုံးပါးသွားခဲ့လေတဲ့ မင်းသားလေးဟာ သူ့ဦးရီးတော်ရဲ့ထိန်းချုပ်မှုအောက်မှာကြီးပြင်းခဲ့ရလေတယ်
ဦးရီးတော်ကလည်း မင်းသားလေးအပေါ် တာဝန်ကျေရုံမျှသာဆက်ဆံလေ့ရှိသတဲ့ ...
ဆိုတော့...မင်းသားလေးခမျာ တ တိုင်းရဘဝပေမယ့် ချစ်ခြင်းမေတ္တာကိုမခံစားရဘူးတဲ့ အဲ့တော့ ချစ်ခြင်းမေတ္တာကိုလည်း အယုံအကြည်မရှိခဲ့ဘူးတဲ့မင်းသားလေးရဲ့ အသက်၁၈နှစ်ပြည့်တဲ့အခါ နိုင်ငံတော်ပုရောဟိတ်ကြီးနဲ့ ကွယ်လွန်သွားတဲ့ မင်းကြီးတို့ရဲ့ အမိန့်အရ ဦးရီးတော်ဆီက ထီးနန်းကိုလွှဲယူရလိမ့်မယ်တဲ့
အဲ့တာကိုသဘောမကျတဲ့သူကတော့ သေချာပေါက် ဦးရီးတော်ဆိုတဲ့ သူပဲပေါ့
နိုင်ငံတော်ပုရောဟိတ်ကြီးရဲ့ မှော်ပညာအရည်အချင်းက တစ်နိုင်ငံလုံးထက် သာလွန်နေတာကြောင့်ရော ပုရောဟိတ်ကြီးရဲ့ ပညာကိုဆက်ခံနေတဲ့ မင်းသားရဲ့ ပညာအရည်အချင်းကိုအတိအကျမသိသည်ကြောင့်ရော ဦးရီတော်ကြီးမှာ မကျေနပ်ပေမယ့် အံကြိတ်နေခဲ့ရလေသတဲ့မင်းသားလေးထီးနန်းလွှဲယူပြီး တစ်နှစ်ကြာတဲ့အခါ
ဦးရီးတော်ဟာ သူ့ရဲ့ တစ်ဦးတည်းသောသမီးနဲ့ မင်းကြီးကို လက်ဆက်ပေးဖို့ကြံပြန်ပါသတဲ့.....
သူ့ရဲ့သမီးတော်ကလည်း မှော်ပညာအရာမှာ သူများထက်သာလွန်တဲ့အရည်အချင်းရှိတယ်တဲ့ အထူးသဖြင့်တစ်ဖက်သားကို ကျိန်စာတိုက်ရာမှာ ဖြေမရအောင်ကိုတော်လွန်းပါသတဲ့လေ.....
YOU ARE READING
True Love for Prince [Completed]
Fanfictionတောတောင်တွေထဲမှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုရှာရတယ် တဲ့ ကျွန်တော်လမ်းပျောက်ခဲ့တုန်းကတော့ တစ်စုံတစ်ယောက်ကိုသာ တမ်းတနေခဲ့တယ်