part 12

2.2K 199 7
                                    

<Unicode>
ကျောင်းပိတ်ရက်လေး လေ့ကျင့်ရေးကွင်းကို လိုက်ချင်တယ်ဆိုလို့ ခေါ်လာပါတယ်။ရောက်ကတည်းကနေ Club ထဲကလူတွေနဲ့ အဖွဲ့ကျနေတာများ ခေါ်လာတဲ့သူကိုတောင် မေ့ထားလို့။ဘယ်မှာလဲ လေ့ကျင့်ရေးဆင်းမယ် ဆိုတဲ့လူတွေ။

ဘာတွေပြောလို့ ပြောမှန်းမသိ တဝိုးဝိုးတဝါးဝါး ဖြစ်နေကြတဲ့ ရှောင်းကျန့်တို့ကို ခုံတန်းပေါ်ထိုင်ပြီးကြည့်နေလိုက်တယ်။

ပြုံးလိုက်တိုင်း ရယ်လိုက်တိုင်း မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေးတွေက အသဲတယားယားနဲ့ ကိုက်ပစ်ချင်စရာလေး။

တချက်တချက် ရိသျှားကောက ရှောင်းကျန့်ကို ရိုက်လိုက်ပုတ်လိုက်လုပ်နေတာမို့ အလိုမကျ။ကိုယ်ကတောင် မထိရက်မကိုင်ရက် လောက်အောင် ယုယထားတာကို ဒင်းက။

မျက်ခုံးနှစ်ဖက် ထိလို့မတတ် တွန့်ချိုးပြီး ထိုင်နေတဲ့ ရိပေါ်ကိုတွေ့တော့ ရိသျှားကောက ရယ်ပြတယ်။မရယ်နဲ့..ပေါက်ပြားအပဲ့ကြီးလိုသွားတွေက ငါ့ကလေးလေးရဲ့ ယုန်သွားလေးတွေလို ချစ်ဖို့ကောင်းတာလည်းမဟုတ်။

ဘေးမှာထိုင်နေတဲ့ ရိသျှားကောက အသာတို့ရင်း မှေးငေါ့ပြတာမို့ ကြည့်လိုက်တော့ အလိုမကျဟန်နဲ့ စိုက်ကြည့်နေတဲ့ကိုကို။တချက်ပြုံးပြပြီး ဘေးမှာလွတ်နေတဲ့ ခုံလေးကိုပုတ်ပြီး အချက်ပြတော ချက်ချင်းပဲ ခြေလှမ်းကြဲကြီးတွေနဲ့ အနားကိုရောက်လာတယ်။

' ဘာလို့ တယောက်ထဲထိုင်နေတာလဲ အနားကိုလည်း မလာဘူး'
' ရောက်ကတည်းကနေ ကိုယ့်ကို ပလစ်ထားတာ ဘယ်ကောင်လေးလဲ'

နှာခေါင်းလေးကို ခပ်ဖွဖွ ဆွဲရင်းဆိုတော့ သဘောတကျနဲ့ ရယ်တယ်။

အသဲယားလွန်းလို့ မွခနဲ ပါးမို့မို့လေးကို လာနမ်းတော့ မျက်လုံးလေးပြူးပြတယ်။လူတွေရှိလည်း ဘာအရေးလဲ။သူတို့က ကိုယ့်လို ချစ်သူရှိတဲ့သူတွေလည်းမဟုတ်။ဂေါ်မစွံ နှစ်ချို့ FAတွေ။

ခုနက တယောက်တပေါက်နဲ့ ဆူညံနေတဲ့ စကားဝိုင်းလေးက တိခနဲတိတ်ဆိတ်သွားတာ အသက်ရှူသံ ခပ်မျှင်းမျှင်းကိုပင် ကြားရလောက်တယ်။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now