part 2

27.9K 390 10
                                    

ရှင်းတစ်ယောက်ငိုနေရင်းအိပ်ပျော်သွားတယ်။ပြန်နိုးတော့ ထိုက်ကဆန်ပြုတ်နဲ့ဆေးလာတိုက်တယ်။ကိုယ်တွေနွေးနေသလိုဘဲဆိုပြီး။ပြီးတော့ဖြစ်သမျှအကြောင်းစုံကိုထိုက်ကိုပြောပြလိုက်တယ်။

"နင်ကိုအဲ့လိုလုပ်သွားတဲ့လူရဲ့ပုံစံကဘယ်လိုမျိုးလဲ"

"အသားဖြူတယ်ချောတယ် အရပ်ရှည်တယ်မောဒယ်တစ်ယောက်ထင်တယ် ငါလဲမသိဘူး"

"တောင်းပန်ပါတယ် ငါနင့်ကိုအတင်းအကူအညီတောင်းလို့ဖြစ်ရတာ ငါ့ကြောင့်ပါဟာ"

"စိတ်မကောင်းမဖြစ်ပါနဲ့ ဒါငါ့၀ဋ်ကြွေးဘဲပေါ့ဟာ ငါ့အသက်မသေတာဘဲ​ကျေးဇူးတင်နေပါပြီ ငါသာတစ်ခုခုဖြစ်ရင်ငါ့မိဘတွေခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"အဲ့ကောင်ကိုတွေ့ရင်ငါ့ကိုပြော ထောင်ချပစ်မယ်"

"ငါ့ကို ဒီကပ်ပေးသွားတယ်သိန်း1500တဲ့"

"ငွေနဲ့အရာရာ၀ယ်လို့ရတယ်ထင်နေတာဘဲ သူ့ကိုတွေ့ရင်သူ့ပေးတဲ့ငွေနဲ့ကိုထောင်ထဲပို့ပစ်မယ်။ဒါပေမယ့်၁၅၀၀ကြီးများတောင်တန်တယ်သိလား"

"မသာမလေး ဘာကိုတန်တာလဲ"

"တကယ်တန်ပါတယ်ဆို"

"သွားတော့ငါ့ရှေ့က"

"ဟားဟား စတာပါချစ်ဆုံးကြီးရယ် စိတ်ထဲမထားနဲ့တော့ပြီးခဲ့တာကအတိတ်ဘဲ ရှင်းရဲ့လား"

"အေးပါ ငါမငိုမိအောင်ထိန်းရမယ် အိမ်ကမရိပ်မိအောင် အော်ဒါနဲ့ငါကလေးရသွားရင်ဘယ်လိုလုပ်မလဲ"

"မပူနဲ့ ငါပြနေကျ စိတ်ချရတဲ့မိန်းကလေးဆရာ၀န်စီမနက်ဖြန်ခေါ်သွားပေးမယ် နင်နဲ့သင့်တော်တဲ့တားဆေးသူပေးလိုက်မယ်"

"မသာမနင်လဲ ကို့ဘ၀ကိုတန်ဖိုးထားအုံးတစ်ယောက်ထဲအတည်တွဲပါလား လူတိုင်းနဲ့အတူအိပ်နေတာ တန်ဖိုးမဲ့တယ်မထင်မိဘူးလား ရုပ်ချောချောလေးနဲ့ "

"လူတိုင်းနဲ့တော့မနေပါဘူးဟယ် အခုမှ၃ခါလောက်ဘဲအဲ့လိုဖြစ်ဘူးတာပါ"

"၃ခါဆိုသုံးယောက်နဲ့ဖြစ်ဘူးတာပေါ့"

"ဟုတ်ပါဘူး အချစ်ဦးတုန်းကတစ်ခါ အခုတွဲနေတဲ့ ငါ့ကောင်လေးနဲ့နှစ်ခါ ခိခိ။ဒီကြားတဲ့မရေမတွက်နိုင်အောင်တွဲခဲ့တာတစ်ယောက်နဲ့မှနမ်းရုံအပြင်မပိုဘူး။ငါ့အခုငါတွဲနေတဲ့သူကိုအတည်ချစ်တယ် သူသာသစ္စာရှိရင်တစ်ဘ၀လုံးတွက်ဘဲ"

ရှင်း(Completed)Where stories live. Discover now