Reset - 5

2K 430 10
                                    

Unicode

သကောင့်သား၏ အနှောင့်အယှက်ပေးမှုသည် ထိုမနက်ထမင်းကြော်လာပေးရုံမျှနှင့် လုံးဝ ရပ်တန့်မသွားခဲ့ပါချေ။
ရှေ့ဆက်ပြီး ဘယ်လောက်ထိ စိတ်အနှောင့်အယှက် ဖြစ်ရဦးမလဲ ဆိုတာကို အသံလွှင့်ရုံရောက်တော့မှ ဘတ်ဟျွန်း သိတော့၏။

သူ့မျက်နှာ မမြင်ချင်လွန်း၍ စိတ်ပေါ့အောင် အသံလွှင့်ရုံကို စောစော လာပါသည်ဆိုမှ မမြင်ချင်သည့်မျက်နှာနှင့် တည့်တည့်လာတိုးသည့်အဖြစ် ။

' ယူလေ  ဘာငေးကြည့်နေတာလဲ ´

Cafeteria မှာထိုင်၍ Staff လေးနှင့် မျက်နှာချင်းဆိုင်ကာ အေးဆေးဇာတ်ညွှန်းထိုင်ဖတ်နေသည့် သူရှေ့ကို ice coffee တစ်ဘူး ကမ်းပေး၍ ရောက်လာသော ရည်းစားဟောင်း အစုတ်အပြတ်ကြောင့် ဘတ်ဟျွန်း သွေးပင်ဆောင့်တက်ချင်လာသည်။

' အော်   ပီဒီကြီး .. မနေ့က ရှေ့နေဗြောင်ဖုန်းနံပါတ်
ကျွန်တော် message ပို့လိုက်တယ်နော်
နှစ်ယောက်သား အဆက်အသွယ်ရပြီးပြီလား ´

ဘတ်ဟျွန်းရှေ့မှာ ထိုင်နေသော Staff လေးက ရှေ့မှ ဘတ်ဟျွန်းက်ို တစ်လှည့် ဘေးမှာ မတ်တပ်ရပ်၍ ice coffee ကမ်းပေးနေသော ချန်းယောလ်ကို တစ်လှည့် ကြည့်ရင်း မေးလာ၏ ။

' အွန်း ကံကောင်းစွာနဲ့ပဲ
ရှေ့နေဗြောင်က ငါပြောင်းသွားတဲ့ အိမ်အသစ်ရဲ့
ဘေးအိမ်က အိမ်နီးချင်းလေ ´

ချန်းယောလ်က ဘတ်ဟျွန်းကို အကြည့်မလွှဲပဲ ပြုံးပြုံးလေးဖြေတော့ ဘတ်ဟျွန်းက ထိုင်ခုံပေါ် ကျောမှီကာ ခြေချိတ်ထိုင်နေရာမှ ဟက်ခနဲ တစ်ချက် ထေ့ငေါ့ကာ ရယ်လေသည် ။

' ငါ့အတွက်တော့ ဂြိုဟ်ဆိုး ဝင်တာပဲ
အဲ့အစား သရဲတစ်ကောင်ပြောင်းလာရင်တောင်
ကျေးဇူးတင်မိဦးမှာ ´

ဘတ်ဟျွန်းက ဇာတ်ညွှန်းကို လှန်ဖတ်ရင်း သူ့ဟာသူ ရေရွတ်သလို ခပ်တိုးတိုးဆ်ိုတော့ ရှေ့က Staff လေး ကြောင်အ ကာ ချန်းယောလ်ကို တစ်လှည့် ပြန်ကြည့်၏ ။

ရှေ့နေဗြောင်နဲ့ ပီဒီကြီးက ဆက်ဆံရေး မကောင်းဘူးထင်တယ်။
သူ  ဖုန်းနံပါတ် ၊ လိပ်စာ ပေးလိုက်မိတာ မှားများမှားသွားပြီလား ။

RESET (Completed)Where stories live. Discover now