(4)

20 1 0
                                    

Unicode

လော့ဖူလည်း အနည်းငယ်စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ စာလိပ်ကို အားဝေ့ကို ကမ်းပေးလိုက်တယ်။

"ဒါကို ဝမ်ရယ်ကိုသွားပေးလိုက်..ငါပေးခိုင်းတာလို့လည်း..သူ့ကိုပြောလိုက်.."

အားဝေ့မှာ လွိဖန် ကိုကြည့်လိုက်တယ်။ လွွိဖန်ရဲ့နှုတ်ခမ်းထောင့်စွန်းကနေ ပြုံးလိုက်တဲ့အပြုံးမှာ အေးစက်စက် နိုင်လှသည်။

ဘာလို့ ဝမ်ဖေးကအနည်းငယ် ကြောက်စရာကောင်းတယ်လို့ သူမခံစားနေရတာပါလိမ့်?..

သူမ အထင်မှားနေတာများလား?..

အိမ်တော်ရဲ့ခြံဝန်းရှေ့ရှိ စာဖတ်ခန်းထဲတွင်, စစ်ဘုရင်ဟာ ထိုင်နေရင်း သူ့မျက်လုံးရှေ့မှာ ဖြန့်ထားတဲ့ပန်းချီကားတစ်ချပ်ကို ကြည့်နေသည်။ သူ့မျက်နှာက သွေးမရှိသလိုဖြူဖက်ဖြူရော်ဖြစ်နေပေမဲ့ မျက်လုံးများကတော့ မီးတောက်နေသကဲ့သို့။

ပန်းချီထဲတွင် အစိမ်းရောင်ဦးထုပ်စောင်းထားတဲ့လူတစ်ယောက်နဲ့ သူ့အနောက်မှာရပ်နေတဲ့ အစိမ်းရောင်အဝတ်အစားနဲ့အခြားလူတစ်ယောက်လည်း ရှိသည်။

ပန်းချီမှာ အလွန်ကိုစိတ်ကူးယဥ်ဆန်လှသည်။ အစိမ်းရောင်ဦးထုပ်နဲ့ အစိမ်းရောင်လူကိုသာ ကွက်ကွက်ကွင်းကွင်း ပြထားလေတယ်။

ပန်းချီထဲက အစိမ်းရောင်လူရဲ့ပဲစေ့လောက်သာရှိတဲ့မျက်လုံးများထဲတွင် စပ်ဆုပ်စရာကောင်းတဲ့အလင်းရောင်မျိုး တောက်ပနေတယ် လို့ စစ်ဘုရင်မှာ ခံစားနေရတယ်။

ဝမ်ဖေးက သူ့ဆီကို ဒီပန်းချီကားပို့ခဲ့တယ်။ သူမက ဒီအစားထိုးမှုအကြောင်းကို သိနေတာလား?..

သူကြည့်လေကြည့်လေ ဒေါသထွက်လာလေလေဖြစ်လာရာ စက္ကူကိုဆုတ်ဖြဲကာ လုံး​ေချလိုက်ပြီး ကြမ်းပြင် ပေါ်ပစ်ချလိုက်လေသည်။

ဒီအပြုအမူလောက်လေးက သူ့ရဲ့ဒေါသမီးကိုငြှိမ်းသက်ဖို့ မလုံလောက်ချေ။

"ရွှမ်ယိ!!.."

အမဲရောင်အရိပ်တစ်ခုက တစ္ဆေတစ်ကောင်လိုမျိုး အခန်းထဲတွင် တိတ်ဆိတ်စွာပေါ်လာသည်။

Zombie Princess(ဇွန်ဘီမင်းသမီး)(ဘာသာပြန်)Where stories live. Discover now