: 21

6.3K 655 12
                                    

Unicode

ကျွီ ~

ပြတင်းပေါက်တံခါးကနေ ခြေသံဖော့ပြီး ဝင်ခဲ့တော့ အထဲမှာ အိပ်ပျော်နေသူက တုပ်တုပ်တောင်မလှုပ် ။ အခန်းနံရံက နာရီကို မော့ကြည့်လိုက်တော့ ညလယ် ၂ နာရီတောင်ရှိနေပြီ ။ ရိပေါ် သက်ပြင်းမောကြီးချလိုက်ရင်း ကုတင်ပေါ်က ကိုယ်လုံးငယ်နားပိုတိုးသွားလိုက်တယ် ။

ညနေက စကားများပြီးကတည်းက ရိပေါ်ရင်တွေနာနေတာ သေတော့မလိုပဲ ။ ဒေါသနဲ့ဆောင့်ဆွဲလိုက်တဲ့လက်မောင်းလေးတွေ အရမ်းများနာနေမလားဆိုပြီး ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်လို့မဆုံး ။ ဒါကြောင့် အိပ်လို့မရမယ့်အတူတူဆိုပြီး ဝရံတာကနေ ကျန့်ကျန့် အခန်းဘက်ကို ကူးလာတာဖြစ်တယ် ။

ညမီးအိမ်မှိန်မှိန်အောက်က အိပ်မောကျနေတဲ့ ပုံရိပ်လေးက ထွေးပွေ့ချင်စရာအပြည့် ။ ခပ်မို့မို့မျက်ခွံလေးတွေကစလို့ ပါးပြင်အိအိလေးတွေတစ်ဆုံး အနမ်းဖွဖွစွန့်ကြဲလိုက်ချင်ပေမယ့် ကျန့်ကျန့်နိုးသွားမှာကြောက်လို့ ဘေးနားမှာသာ ရိပေါ် အသာဝင်လှဲလိုက်တယ် ။

အိပ်ပျော်နေသူက အိပ်မက်လှလှလေး မက်နေခဲ့ပုံပါပဲ ။ နှုတ်ခမ်းရဲရဲလေးက အနည်းငယ် ပြုံးယောင်သမ်းချင်နေပြီး မျက်နာနုနုလေးက ကြည်ကြည်လင်လင် ။
အနီးကပ်မြင်နေရတဲ့ ပါးပြင်အိအိလေးကို ရိပေါ်လက်နဲ့အသာထိတွေ့လိုက်တော့ အထိအတွေ့လေးက နူးညံ့အိစက်နေတယ် ။
ရိပေါ်တစ်ချက်ပြုံးမိသွားရင်း နောက်ဆုံးမနေနိုင်တော့တာမို့ ထိုပါးပြင်လေးတွေကို ငုံ့ပြီး အကြိမ်ကြိမ်နမ်းမိတော့တယ် ။

နှုတ်ခမ်းရဲရဲလေးကလွဲလို့ မျက်နှာတစ်ပြင်လုံးကို ရိပေါ်ကျေနပ်လောက်အောင် အနမ်းတွေပေးပြီးမှ ကျန့်ကျန့်ဘေးမှာ ခပ်သာသာလေး ပြန်လှဲအိပ်လိုက်တယ် ။ ပြီးတာနဲ့ ကိုယ်လုံးနွေးနွေးအိအိလေးကို ရင်ခွင်ထဲသွင်းလိုက်တော့ အိပ်မက်ယောင်နေသူက အလိုက်သင့်တိုးလာရှာတယ် ။

ရိပေါ်ရဲ့ ငယ်ဘဝအိပ်မက်တွေထဲကစလို့ အခုထိ စိုးမိုးထားဆဲဖြစ်တဲ့ မြတ်နိုးရသူ ကျန့်ကျန့်
ထိုသူရဲ့ အိပ်မက်ထဲမှာရော ရိပေါ်ပါဝင်နိုင်မလား သိချင်လှပါရဲ့

Wine (Completed)Where stories live. Discover now