5

2.1K 225 8
                                    

Jkကအခုဆိုမီးဖိုမှာဟင်းချက်ပေးနေသည်။Shirtအဖြူကိုတထောင့်ကွေးနားလောက်ထိခေါက်တင်ထားရင်းကြက်ဥကိုမွှေနေသည်မှာယောက်ကျားဆန်စွာ...သွယ်တန်းနေတဲ့မျက်ခုံးတို့ကခုချိန်မှာအာရုံစိုက်ထားတာကြောင့်ပိုမိုတည်တံနေသည်။shirtအဖြူလေးကိုကြယ်သီးနှစ်လုံးလောင်ထိဖွင့်ထားရင်းလှစ်ဟာပြနေတဲ့ရင်အုပ်သားတို့ကဖြူဖွေးလျက်....

"မောင်.....ဗိုက်ဆာပြီ"

ဒါကJkကိုYoongiခေါ်ချင်တဲ့နာမ်စားလေး.....ဟိုမောင်နဲ့ဒီမောင်တူမယ်တော့မထင်နဲ့....ဒီမောင်ကိုကဂရုစိုက်အလိုက်သိ...ရင်ခုန်အောင်လုပ်တတ်လွန်းလို့ချစ်ရတာ....ဟိုမောင်ကိုကမေ့ဖို့ကြိုးစားနေပြီ....မေ့နိုင်မှာပါ

"Hyung....ကျက်တော့မယ်.....ခဏ"

သူ့ဘက်ကိုလှည့်ရင်းပြုံးပြတဲ့ကောင်လေးကအရမ်းချောသလိုအရမ်းလည်းချစ်ဖို့ကောင်းပါသည်။

"မောင်....Yoongiလည်းဟင်းချက်ကူပေးမယ်လေ"

Yoongiအပြောကြောင့်Jkကရီကာခေါင်းခါပြသည်။

"ကိုယ်ပဲချက်ပေးပါ့မယ်.....မလိုပါဘူး"

Jkပြောတော့လည်းငြိမ်ကာခေါင်းသာငြိမ့်ပြလိုက်သည်။စားဖို့ထိုင်စောင့်နေလိုက်သည်။မောင်ကဟင်းချက်လည်းတော်ပြန်သည်။

"စားလေ....ရော့"

ခေါက်ဆွဲကိုတူနဲ့ယူကာပူမှာစိုးလို့မှုတ်ပြီးခွံကြွေးတဲ့မောင်.....Yoongiလည်းပါးစပ်သာဟပေးပြီး...သူကြွေးတာကိုစားနေလိုက်သည်။နှစ်ယောက်အတူစားခဲ့တဲ့ညစာလေးကကြည်နူးဖို့ကောင်းလိုက်တာ.....မောင်ကသူ့ကိုပျော်စရာတွေဖန်တီးပေနိုင်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"မောင်.....Yoongiနဲ့အိပ်မို့လား"

သူ့အခန်းထဲသန်းဝေကာရောက်လာတဲ့မောင်ကြောင့်Yoongiကုတင်ပေါ်အိပ်ဖို့ပြင်ရာကမေးမိသည်။မောင်ကသူ့ဘေးဝင်လှဲကာ....

"အင်းလေ.....မအိပ်ရဘူးလား....ကြောင်လေး"

Jkပြောရင်းYongiပါးလေးအားဆွဲညစ်လိုက်သည်။Yoongiလည်းသူနဲ့ကျမှကလေးတစ်ယောက်လိုဂရုတစိုက်ဆက်ဆံခံရသည်။ဟိုမောင်တော့.....သူကလူကြီးလိုနေခဲ့ရသည်။

မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)Where stories live. Discover now