4.Masks

1.2K 79 4
                                    

ရှိန်းနှင့်ညစာစားပြီးပြန်လာတည်းကတစ်ညလုံး မေရီအိပ်မပျော်တော့ဘူး။ ဂျေ့ကလေ ရေဗင့်ကိုသိပ်ကြင်နာတာပဲ။ သူ့အနားမှာဆိုတစ်ချိန်လုံးပြုံးနေတာပဲ။ ရေဗင့်မျက်လုံးတွေကိုပဲလိုက်ကြည့်နေပြီး ဆံပင်လေးသပ်တင်ပေးလိုက် ၊ နားနားကပ်ပြီးစကားလေးတွေတီးတိုးပြောလိုက် ၊ ပွေ့ဖက်လိုက်နမ်းရှုတ်လိုက်နဲ့...။

မေရီနဲ့ရှိန်းကပုန်းရှိုးကွယ်ရှိုးနဲ့ထိုင်နေတာမဟုတ်ပါဘူး ။ ဒါပေမယ့်ဂျေ့ကမျက်စောင်းထိုးလေးတင်ရှိနေတဲ့မေရီတို့ကိုတောင်မမြင်လောက်အောင် သူ့အာရုံတွေကိုရေဗင်ကဖမ်းစားထားသည်လေ။ တစ်ခါတုန်းကတော့ လူအယောက်တစ်ရာလောက်တစ်ပုံစံတည်းဝတ်ပြီးကနေကြတဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ ဟိုး..အဝေးကနေတောင်မေ့ကိုသူသိနိုင်တယ်တဲ့လေ...။ သူပြောင်းလဲသွားပြီ။

ရှိန်းကတော့မေရီ့က ကိုယ့်ဒုက္ခကိုယ်ရှာတယ်တဲ့..။ မေရီ့ကိုယ်ကိုဒုက္ခပေးမိရုံတင်မဟုတ်ပါဘူး သရဖီ့ကိုလည်းတစ်ညလုံးဖုန်းဆက်ပြီးနှိပ်စက်မိသည် ။ မနက်ကျတော့ပန်ဒါမျက်ကွင်းကိုမနည်းဖုံးပြီးကိုယ့်ကိုယ်ကိုယ်တတ်တတ်ကြွကြွပုံဖြစ်အောင် မိတ်ကပ်တွေနဲ့ပြင်ကာကျောင်းကိုလာရသည် ။

မေရီကျောင်းရောက်တော့ဆရာကအတန်းဝင်နေပြီ ။ မေရီ့ရဲ့ဘေးခုံမှာ ထုံးစံအတိုင်းဂျေထိုင်နေသည်။ မေရီအသက်ကိုပြင်းပြင်ရှုလိုက်ပြီးနေရာကိုလျှောက်သွားလိုက်သည် ။ ရှေ့တန်းမှာထိုင်နေတဲ့ရှိန်းကမေရီ့ကိုလှည့်ကြည့်တော့မေရီသူ့ကိုရယ်ပြပြီးနှုတ်ဆက်လိုက်သည် ။

"Hey...honey"

ရှိန်းကလည်းမေရီ့ကိုပြန်ပြုံးပြရင်းစသည်။

"Hello...darling"

ဆရာစာသင်နေ၍မေရီတို့စနောက်နေတာဒီလောက်နဲ့ရပ်လိုက်ပြီးရှိန်းကအရှေ့ကိုပြန်လှည့်သွားသည်။ ဂျေကသူ့ထိုင်ခုံကိုမေရီ့နားတိုးလာသည်။

"မနေ့က..ကိုကိုရုတ်တရက်သွားစရာပေါ်လာလို့sorryပဲမေရာ...ကိုယ်တကယ်တောင်းပန်ပါတယ်။ ရှိန်းကိုဖုန်းဆက်တာလည်းနောက်ကျသွားတယ်...ဘေဘီအကြာကြီးစောင့်လိုက်ရလား...."

DIARIESWhere stories live. Discover now