ရေစက်အဆုံး (2)end

3.5K 287 63
                                    

အချိန်တွေသာ ကုန်ဆုံးသွားပေမယ့်
ရှောင်းကျန့်ဘဝက ပြောင်းလဲမှုမရှိသေး
၇နှစ်သာ ကြာသွားတယ် ကျန်းချန်နဲ့ စပ်တူ အိမ်ငှားနေရတဲ့ ဘဝက မလွတ်မြောက်နိုင်သေး
ဝမ်နဲ့တုန်းက အရမ်းကြိုးစားချင်စိတ်ရှိခဲ့လို့ထင်ပါရဲ့ 3နှစ်နဲ့ တိုက်ခန်း ဝယ်နိုင်ခဲ့တာ
ခုများကြိုးစားချင်စိတ်ဆိုတာ
ဘာမှန်းတောင် မသိတော့ပါဘူး
အားလုံးကို အရှုံးပေးထားပြီးသားပဲလေ ဘာအတွက် ကြိုးစားရအုံးမှာလဲ

ဝမ်က ရွေးချယ်မှုမှန်ခဲ့တယ် အခုဆို ဝမ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပြီ
သေချာပေါက် သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးရဲ့ ​ထောက်ပံ့ပေးမှုတွေကြောင့်ပေါ့
ဒါပေမယ့် ဝမ်က အရင်အကျင့်တွေမပျောက်သေးဘူးထင်တယ် ဒီလောက်ကောင်းတဲ့ အမျိုးသမီးကို ကွာရှင်းပစ်တယ်တဲ့
ဝမ်အအောင်မြင်ဆုံးဖြစ်နေတဲ့ အချိန်မှလေ
ဘာပဲပြောပြော သူမက ရှောင်းကျန့်ထက်စာရင်တော့ အများကြီး ကံကောင်း​ပါတယ်
ဝမ့်က ကျန့်ကို အိမ်ထောင်သက်တမ်းတစ်နှစ်နဲ့ စိတ်ပျက်သွားပေမယ့်
သူမကတော့ ၇နှစ်တောင် ထိန်းထားနိုင်​တယ်လေ
ကျန့်ထက် သူမကို အများကြီးပိုချစ်ခဲ့တယ်ဆိုတဲ့ သဘောပေါ့နော်
ဒီလိုပြောတော့ ခင်ဗျားတို့က ကျနော့်ကို ရူးလိုက်တာလို့ တွေးနေမှာ​ပဲ
7နှစ်လုံးလုံး ဝမ့်ကို မေ့ပစ်ဖို့ ကြိုးစားနေတဲ့ ကျနော်က လက်တွေ့မှာတော့ ဝမ့်သတင်းသဲ့သဲ့လေးမှ မကြားရရင် စားမဝင် အိပ်မပျော်ဘူးဆိုတာ ခင်ဗျားတို့မှမသိဘဲ
ကျနော့နှလုံးသားက ဝမ်ရက်စက်လို့ တစ်ခါတည်းမသေဘဲ ကိုမာဝင်သွားတာဗျ
ဆက်ချစ်လို့မရတော့ရင်တောင်
အရင်ကချစ်ခဲ့တယ်ဆိုတဲ့ အတိတ်တွေက ရှိနေတုန်း
အဆုံးသတ်ပစ်လိုက်ဖို့ကျတော့လည်း ထင်သလောက် မလွယ်ကူဘူး
ခုပဲကြည့်လေ အချိန်တွေသာ ၇နှစ်ကျော်ကုန်ဆုံးသွားတာ ဝမ့်ကို အပြီးတိုင်မေ့နိုင်ပြီလားဆိုတော့ ခေါင်းရမ်းရမှာပဲ ဒါက ခက်ခဲလွန်းတယ်
အဲ့အစား အပြီးတိုင် လက်လွှတ်နိုင်ခဲ့နိုင်တယ်
ဘယ်လို အကြောင်းပြချက် ဘယ်လိုအခွင့်ရေးကောင်းတွေပေးပေး
ကျန့်က ဝမ်နဲ့ နီးစပ်အောင်ကြိုးစားတော့မှာ မဟုတ်ဘူး
ကုန်ကုန်ပြောရရင် ဝမ့်ဘက်က လိုလိုလားလတောင်းဆိုခဲ့ရင်တောင်
ကျန့်ဘက်က ငြင်းဆန်မယ် မမေ့နိုင်ပေမယ့် အသိတရားတော့ ရသွားခဲ့ပြီ
ကိုယ်နာကြင်ရမယ်မှန်းသိသိနဲ့ မရူးမိုက်ရဲတော့ဘူး

ရေစက်အဆုံး {Zhan's Wang } Where stories live. Discover now