Everything For You

39 9 1
                                    

18+ Alert 🔞

Unicode

လှေကားထစ် အောက်ဆုံးမှာ အပေါ်ပိုင်း ဝတ်လစ်စလစ်ဖြင့် ဗိုက်ကိုဓားနဲ့ ထိုးမိရက်သား သေဆုံးနေတဲ့ မောင့် ပုံရိပ်က အခုချိန်ထိ ကျွန်မစိတ်ကို ခြောက်ခြားစေမိတုန်းဘဲ။

"မောင် ကျွန်မအပေါ်ဖောက်ပြန်တယ်..ကျွန်မ တကယ်မယုံနိုင်ဘူးရှင်.."

"ပြီးတော့ ကျွန်မ စိတ်ဆိုးလွန်းလို့ ကွာရှင်းကြဖို့ပြောတာကို..မောင်က လက်မခံပဲ ဒေါသတွေထွက်ပြီး ဇွတ်အော်နေတာ"

"ကျွန်မ လက်ထပ်စာချုပ်ကိုဖြဲလိုက်တဲ့အချိန်မှာ မောင်က နံရံမှာချိတ်ထားတဲ့ ဓားရှည်ကြီးကိုဆွဲဖြုတ်ပြီး.."

"ကျွန်မ မောင့်ကိုတွန်းချလိုက်မိတယ်..အောက်ကိုကျသွားတာနဲ့အမျှ သူ့လက်ထဲက ဓားနဲ့ သူ့ကိုယ်သူ ပြန်ထိုးမိပြီး"

"ကျွန်မ မောင့်ကို သိပ်ချစ်တာပါရှင်..ဘယ်လိုလုပ် လူသတ်သမားအဖြစ်စွပ်စွဲနေကြရတာလဲ"

တရားခွင်မှာ ဖြစ်စဉ်မှန်သမျှကိုပြောနေရင်း မျက်ရည်တွေအလိုလိုစီးကျနေရပြီ။

နောက်ဆုံး ရက်ချိန်းဖြစ်တာကြောင့် တရားသူကြီး အဆုံးအဖြတ်သာလျှင် အဓိကကျသည့်အချိန်ကိုရောက်နေပြီ

-------------------------------------------------

3 months ago

တင်း...တောင်..

Daisy ထမင်းပွဲပြင်နေရင်းကနေ Bell သံကြားတာကြောင့် ပြေးပြီး တံခါးဖွင့်လိုက်သည်။

"Happy 1 year anniversary ပါ Daisy"
တံခါးပွင့်သွားတော့ Joash က Daisy အတွက် မင်္ဂလာနှစ်ပတ်လည်လက်ဆောင် ပန်းစည်းအကြီးကြီးကို ပြုံးပြီး ပေးလိုက်သည်။

ပန်းစည်းကို Daisy ယူလိုက်ပြီး
"မေ့နေပြီတောင်ထင်နေတာ"
ပြုံးပြီးပြောလိုက်သည်။

"အဲ့လိုထင်အောင်လို့ မနက်ကမသိချင်ယောင်ဆောင်ထားရတာ.. surprise ဖြစ်သွားအောင်လို့လေ"

Daisy က Joash လက်ကိုတွဲလိုက်ပြီး
"လာ မောင် ကြိုက်တဲ့ဟင်းတွေချက်ထားတယ်"

"အဲ့လိုအလိုက်သိတတ်လွန်းလို့ ဒီအမျိုးသမီး လေးကို သိပ်ချစ်နေတာ"

Short Stories By JWhere stories live. Discover now