သူက ဘယ်သူလဲ ?

1.7K 260 6
                                    



ဒီတစ်ပတ်ကျောင်းပိတ်ရက် 2 ရက်က ရှည်လျားတယ်။သူငယ်ချင်း ၂ ယောက်သေဘေးကို နှဖူးတွေ့ဒူးတွေ့ကြုံရမလိုဖြစ်တဲ့နောက် အလည်အပတ် အစီအစဉ်တွေကိုဖျက်ပြီးအိမ်ပြန်ခဲ့ကြတယ်။အိပ်ရေးမဝပေမယ့် jake ထပ်မအိပ်ရဲဘူး။ အိပ်လိုက်ရင်အိပ်မက်ထဲရောက်သွားပြီး မကြားချင်တဲ့အသံတွေကြားရမှာကိုကြောက်တယ်။

""​မသေကောင်း မပျောက်ကောင်း, ဘုရားစောင့်ရှောက်လို့တော်သေးတယ် jake ရယ် ""

အမေဖြစ်သူက စိတ်ပူနေပေမယ့် jake က ဘာမှမဖြစ်လာတာမလို့ သူမစိတ်ထဲ ဘုရားကယ်လို့ ဟုသာ တစ်ဖွဖွပြောနေတော့သည်။အမေ့ကို bus ပေါ်မှာ ငိုက်တဲ့ အကြောင်းပြောပြတော့အမေက မယုံသလိုရှိတာမလို့ ထပ်ပြောချင်စိတ်မရှိတော့ဘူး။ လူမပင်ပန်းရပေမယ့် စိတ်ပင်ပန်းရသည်ကများသည်။အိပ်မပျော်မိအောင် ဂိမ်းတွေဆော့၊ သီချင်းတွေဆို ရင်းပိတ်ရက်ကို အချိန်ဖြုန်းနေမိတာ ညနေစောင်းသည်အထိ။

""​dinner ရပြီနော် ""

တစ်နေကုန် snacks တွေချည်းလှိမ့်စားထားတာမလို့ဗိုက်ထဲဘာမှသေချာမရောက်သေး။တဖြည်းဖြည်းနဲ့ ညရောက်လာတာမလို့ အိပ်ပျော်သွားမှာကို ကြောက်လာသလို ခံစားလိုက်ရသည်။အိပ်လိုက်တိုင်း အိပ်မက်ဆိုးမက်နေတာ ယခင်က ဒီလောက်မဆိုး။ ယခု အိပ်မက်ထဲကပါ သူ့ကိုစကားပြောနေကြပြီ။အမေနဲ့ ဘုရားကျောင်းလိုက်သင့်ပြီဟုထင်မိသည်။

""​ဘေး အိမ်မှာ လူသစ်တွေပြောင်းလာတယ်။ သူတို့သားက jake နဲ့ရွယ်တူဘဲ။ သူငယ်ချင်းအသစ်ရတာပေါ့ ""

"" ဘာကြီးလဲ အဲ့လိုမျိုးမှမရှိတာ။ သိလည်းမသိဘဲနဲ့ ""

"" ရောမရောက်ရင် ရောမလိုကျင့်ရတယ်။ ကိုယ့်အိမ်နီးနားချင်းဘဲ အဆင်ပြေပြေနေရမယ် Jaeyun ""

Jake မသိမသာခေါင်းညိမ့်ပြတယ်။ပြတင်းပေါက်အပြင်ဘက်မှာ မှောင်ရိပ်ပျိုးလာပြီ။အမှောင်ထုအားကောင်းလာလေ ပတ်ဝန်းကျင်ကတိတ်ဆိတ်လာလေ။ ခြံကျယ်ထဲက နှစ်ထပ်အိမ်ကြီးက မိသားစုသုံးယောက်အတွက်ကျယ်လွန်းလှတယ်။Jake မှာ အစ်ကို တစ်ယောက်ရှိပေမယ့် နိုင်ငံခြားမှာ စာသင်နေတာကြောင့် အိမ်အကူမရှိ၊ ခြံစောင့်တစ်ယောက်ဘဲရှိတဲ့ အိမ်ကျယ်ကြီးက ညဘက်ဆို လင်းထိန်နေတတ်ပါသော်လည်းအသံတိတ်နေတတ်တယ်။

F A T E ✔️Where stories live. Discover now