^Misses^Part-9

3.3K 302 15
                                    

အမယ်လေးးး omma....

ဟဲ့ ပလုတ်တုတ် သေပါပြီ ...

Baek နဲ့ Tao တို့ Suho နဲ့ Lay ကို အငေးလွန်ပြီး ချော်လဲတာပါ အင်းးး Yeol နဲ့ Kris တို့ကိုပဲ ကြည့်နေတာကို မြင်ပြီး အံ့သြရင်း ခြေခွင်ပြီး လဲတာဆို ပိုမှန်လိမ့်မယ်

ဖြစ်ချင်တော့ Baek Tao Yeol  Kris တို့ကလက်တွဲပြီးလျှောက်လာတာလေ ဒီတော့ Yeol နဲ့ Kris ပါ အရှိန်မထိန်းနိုင်ပဲ လဲကုန်တာပေါ့ အစထဲက ဒေါက်ဖိနပ်နဲ့ ထိန်းလျှောက်နေရပါတယ်ဆိုမှ လဲကျတော့ အရှက်တကွဲ

Suho Chen: Fan...

Lay Xiu: Chan....

ခ်ခ် Baek နဲ့ Tao ကို ဂရုမစိုက်ဘဲ Kris နဲ့ Yeol ကိုဘဲ သွားထူနေကြတယ်လေ အလုအယက် ဒါကို Baek နဲ့ Tao က မျက်လုံးပြူးနေကြတာပေါ့

ထူမယ့်သူမရှိတော့လည်း ကိုယ့်ဘာသာကုန်းထ ပြီးတော့ ယိုင်နဲ့နဲ့ရပ်ရင်း ခါးကိုထောက် နှုတ်ခမ်းကိုက်ကာ မျက်စောင်းတွေ ထိုးနေရော ဒါကိုမသိတဲ့ ကျန်သူတွေက ရယ်မောလို့

Yeol နဲ့ Kris ကတော့ Suho တို့ရဲ့ ဂရုစိုက်မှုကိုခံရင်း ပြုံးပြီး ကျေးဇူးတင်စကားတွေပြောလို့ အမယ်လေးဒါကို အခွင့်ရတုန်း ကိုကိုဆူ နဲ့ ကိုကိုလေးက

Suho: မဖြစ်တော့ဘူး လာကျောပိုးမယ် Lay: maja Chan ရောလာ ကျောင်းဆေးခန်းသွားမယ်

Chen နဲ့ Xiu နဲ့ကလည်း သူတို့ခေါ်သွားမယ်ဆိုပြီး ဝင်ပြောတော့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တာပေါ့

ချော်လဲလို့နာနေတဲ့သူတွေကို အလယ်မှာထားပြီး သူခေါ်မယ် ငါခေါ်မယ် ဆွဲလုနေကြတာကိုးး Baek နဲ့ Tao ကတော့ ဘာမှမပြော ထော့နင်းထော့နင်းဖြစ်နေတဲ့ကြားက ခြေကိုမရမကစောင့်ရင်း စင်ပေါ်ကဆင်းသွားတယ်

Wow!!! အရမ်းမိုက်တယ်ကွာ မင်းတို့ကိုချီးကျူးတယ် ဘယ်လိုများသရုပ်ဆောင်လိုက်ကြတာတုန်း ငါလိုချင်တာအဲ့ဒါပဲ ဟား ဟားးး သူငယ်ချင်းတွေ စိတ်ဝမ်းကွဲကုန်ကြတာ ပေါ့ ကောင်မလေးနှစ်ယောက်ကြောင့်..

အောက်ကနေ လက်မထောင်ပြီး လက်ခုတ်တီးက ပြောနေသော ဇာတ်ညွှန်းဆရာကြောင့် အားလုံးငိုရမလိုရယ်ရမလို ဟုတ်ကဲ့ တစ်ကယ်ဖြစ်နေတာပါ အဲ့ဒါက

⭐Misses *Season-2⭐Where stories live. Discover now