ဦး ရဲ့ ငယ် Ch-26

832 78 17
                                    

Unicode ( Zawgyi below)

Jaehyun's POV

"ဟုတ်ကဲ့ ဘယ်နာမည်နဲ့ booking တင်ထားတာလဲရှင့်"

"Jeong Jaehyun"

"အခန်းနံပါတ် 5607 ပဲ"

"အင်း ဟုတ်တယ်"

ကျွန်တော်ကအေးဆေးပြန်ဖြေပေမဲ့ ကောင်တာကကောင်မလေးတွေက နည်းနည်းလန့်တဲ့ပုံစံနဲ့အချင်းချင်းပြန်ကြည့်နေကြတယ်

"တခြားအခန်းလေးကြည့်ချင်သေးလားရှင့်"

ဘာလဲဟ
booking ကတင်ပြီးနေပြီလေ အဲ့ဒါကိုကျွန်တော်တို့မလာခင် အလျင်လိုတဲ့တခြားတစ်ယောက်ယောက်ကိုမဖြစ်မနေ အဲ့အခန်းပေးလိုက်ရလို့ ကျွန်တော့်ကိုတခြားအခန်းကြည့်ခိုင်းနေတဲ့ပုံနဲ့

booking တင်တာကလည်းပါချီပါချပ်ဟိုတယ်မဟုတ်ဘူး တစ်ယောက်ခန်းတောင်အနိမ့်ဆုံး ကိုရီယားဝမ် ၇ သိန်းပေးရတဲ့ဟိုတယ်။
ဒါကို service ပိုင်းကချာလှချည်လား
Booking တင်ပြီးသားအခန်းကိုနောက်လူပေးရလောက်တဲ့အထိညံ့နေတာလားဟ ဟိုတယ်နာမည်အသားအနားနဲ့မလိုက်အောင်

"ဘာလို့လဲ ကျွန်တော် booking ယူထားတဲ့အခန်းကတခြားတစ်ယောက်တက်နေနေလို့လား"

"​အဲ့လိုမဟုတ်ပါဘူးရှင် ရှိပါတယ် ဟုတ်ကဲ့ ..ဟို.."

"ရှိလည်းသော့ပေးပြီးအခန်းလိုက်ပြပေးပါ ကျွန်တော်အလျင်လိုနေလို့"

"ahh ဟုတ် ဟုတ်"

ကောင်တာကကောင်မလေးတွေကကြောင်နေရာကနေ ငယ့်ကိုကုန်းပိုးထားရတဲ့ကျွန်တော့်ကိုပြန်သတိရကြပြီးပြာပြာသလဲ သော့ယူပြီးကျွန်တော့်နားကိုရောက်လာတယ်

"ကျွန်မနဲ့လိုက်ခဲ့ပေးပါနော် အထုပ်တွေကိုဝန်ထမ်းကောင်လေးတွေပို့ပေးပါလိမ့်မယ်"

အရင်ဟိုတယ်ဟောင်းကနေပဲ booking တင်တယ် မနက်ကျတော့ အထုပ်အပိုးတွေကားထဲထည့်ပြီးတန်းပြီး Chungha နဲ့အလုပ်ကိစ္စတွေဆွေးနွေးဖို့သွားရတယ်

အခုမှဟိုတယ်အသစ်ကိုစပြီးခြေချဖူးတယ်

ကျောပေါ်ကနေလျှောကျချင်သလိုဖြစ်နေတဲ့ငယ့်ကိုပြန်တင်လိုက်ပြီး လမ်းပြတဲ့ဟိုတယ်ဝန်ထမ်းလေးနောက်ကိုလိုက်ခဲ့တယ်

ဦး ရဲ့ ငယ်Where stories live. Discover now