𝖥𝗈𝗎𝗋𝗍𝗁 𝖫𝗈𝗏𝖾 𝖥𝗈𝗋 𝖳𝗐𝖾𝗇𝗍𝗒 𝖸𝗋𝗌 𝖡𝗈𝗒

304 39 2
                                    

Zawgyi  

နှင်းဝေတဲ့ မနက်ခင်းတစ်ခုမှာ ယွင်ရှီးက စတုထ္ထမြောက် အချစ်ကို အမှတ်မထင် တွေ့ရှိခဲ့တယ်။

ကွင်းပြင်ကျယ်ကြီးထဲက အရပ်မြင့်မြင့် ကောင်လေးတစ်ယောက်။ အမြင့်မှာ ချိတ်ထားတဲ့ သံကွင်းထဲ ဘတ်စကတ်ဘော ဘောလုံးကို ခုန်မြှောက်ထည့်နေတဲ့ ပုံရိပ်လေးက သူ့ရင်ကို မငြိမ်မသက် ဖြစ်သွားစေတယ်။ အဖြူ ရောင်ဝန်းကျင်နဲ့ မသက်ဆိုင်တဲ့အလား နဖူးပြင်မှာလည်း ချွေးလေးတွေစို့လို့။

ယွင်ရှီး ရပ်ကြည့်နေမိတယ်။

ကောင်လေးက သူ့ကို တွေ့သွားတယ်။

ဘောလုံးပိုက်ပြီး နှင်းမှုန်တွေနင်းကာ သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာတော့ ယွင်ရှီး ရင်တုန်ပြီး ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အခုချိန်မှ နောက်ပြန်လှည့်ရင် မဖြစ်တော့ဘူး။ အဖြူ ရောင် ဖိနပ်တစ်စုံက သူ့ရှေ့ရောက်နေပြီ။ ပြုံးစစ မျက်နှာက Oval Shape။ မထီတရီ ပုံစံကလည်း အပြုံးတွေနဲ့အတူ နေရာယူထားသေးတာ။

"ဟိုင်း ! အလှလေး"

အလှလေး ? ? အသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် တစ်လောကလုံးကို ဂရုမစိုက်တက်တဲ့ တဇောက်ကန်း အကျင့်စရိုက်ပဲ။ ဒါပေမဲ့ ယွင်ရှီးက ရိုင်းတယ်လို့ မမြင်မိဘူး။

"ဘယ်yearလဲ"

"ဝိုး ! ခန့်မှန်းတာတော်တယ် .. ကျွန်တော် တတိယနှစ် .. ခင်ဗျားကရော"

"မင်းထက် အများကြီး ကြီးတယ်"

"အတိအကျ သိချင်တာ"

"32"

"ဖုန်းနံပါတ်ပေး .. ခင်ဗျားကို သဘောကျသွားပြီ"

နှောင်ကြိုးတွေ ဖွဲ့ချည်လိုက်ပုံက သိပ်မကြာဘူး။ ခပ်သြသြ အသံလေးရဲ့ မာယာတွေအောက် သူ ခပ်မြန်မြန် လဲပြိုတယ်။ ဆင်ခြင်နိုင်စွမ်းမေ့ပြီး ကျော့ကွင်းလှလှထဲ ညွတ်နေမိတာများ စာမူပို့ရမဲ့အချိန် နောက်ကျသွားလို့ အယ်ဒီတာချုပ် ဆဲတာပါ ခံလိုက်ရတယ်။

"ခင်ဗျားအိမ်ကလည်း သေးသေးလေး"

သဘောမကျသလို အပြစ်တင်သံကို ယွင်ရှီးက ပြုံးရုံပဲ တုံ့ပြန်နိုင်တယ်။ မြို့ပြကြီးတွေလောက် မတိုးတက်သေးတဲ့ နယ်မြို့လေးရဲ့ တောင်ကုန်းတစ်လျှောက်က နောက်ဆုံးအိမ်ဟာ သူ့အိမ်ဖြစ်တယ်။ အိမ်ချင်း နီးနီးကပ်ကပ် မနေတက်လို့ တမင်ဒီနေရာကို ရွေးချယ်ထားတာ။ အလည်လာတဲ့ ကောင်လေးက ကြိုက်ပုံမရ။

𝖥𝗈𝗎𝗋𝗍𝗁 𝖫𝗈𝗏𝖾 𝖥𝗈𝗋 𝖳𝗐𝖾𝗇𝗍𝗒 𝖸𝗋𝗌 𝖡𝗈𝗒Where stories live. Discover now