||Unicode||
" ဆေးရုံက ဆင်းရင် အချိုတွေ ၊ အမာစာတွေအများကြီးမစားနဲ့ဦး ထမင်းပျော့ပျော့လေးတွေဘဲစားနော်"
" ဟုတ် "
"ကျေးဇူးတင်ပါတယ် ဆရာရယ် ကျွန်မ သားလေးမှာ ဆရာပေးတဲ့ အသက်ဘဲရှိပါတယ်"
၁၂နှစ်အရွယ် သူ့ရဲ့ လူနာကလေးလေး
အမေက သူ့ကို ကျေးဇူးတင်စကားပြောတော့
ကျေနပ်စွာ ပြုံးမိရပြန်သည်။"Royal" ကလေး အထူးကုဆေးရုံကြီးရဲ့
အထွေထွေ ရောဂါရှာဖွေရေး ဌာနက
ဒေါက်တာ ကင်မ်ထယ်ယောင်း။အလုပ်ပေါ်မှာရော လူနာ ကလေးတွေ
အပေါ်မှာပါ စိတ်ရှည် စေတနာထားလို့
ဆေးရုံရဲ့မရှိမဖြစ် ဆရာ၀န်တစ်ယောက်ပင်။သူ့ကိုယ်ပိုင်အချိန်တွေအများစုကို
ဆေးရုံမှာဘဲ ကုန်ဆုံးတက်တာများသည်။
Day Offမှာတောင် အားရင် အားသလို
လူနာတွေကို လာကြည့်ပေးတက်သေးသည်။" Hello ! Doctor "
" ဟုတ်ကဲ့ ၀င်ခဲ့ပါ "
၁၀နှစ်အရွယ် ဖြူဖြူလုံးလုံး ကလေးလေးကို
လက်ဆွဲကာ ၀င်လာတဲ့ ခန့်ညားတဲ့ ယောင်္ကျား
တစ်ယောက်။" ကဲပြော ဒီတစ်ခါရော ကလေးက
ဘာဖြစ်ပြန်ပြီလဲ"သူ ဒီလိုမေးခွန်းကို မေးလိုက်ရသည်မှာ....
ထို ယောင်္ကျားသည် အမြဲ သူ့ရဲ့ သားဖြစ်သူ
ကို ခေါ်ကာ တစ်နေ့မဟုတ် တစ်နေ့ သူ့ဆီကို
လာနေကြမလို့ပင်။" တားတား လက် စူး စူး သွားလို့ပါ ဒေါက်တာ"
လက်ညိုးဖောင်းဖောင်း တိုတိုလေးကို
သူ့ရှေ့ထိုးပြတဲ့ ပေါက်စလေးကြောင့်
သူပြုံးမိရပြန်သည်။
ဖအေ ဖြစ်သူနဲ့ တူရွေ့လားတော့ မသိ
သာလိကာလေးလို စကားတွေ တက်လိုက်တာလည်း လွန်ရောပင်။" Aigoo ဟုတ်ပါပြီ ဒေါက်တာပြီးရင် စူးထွင်ပေးမယ်နော် အခု သား ဖေဖေနဲ့ စကားခဏပြောလိုက်ဦးမယ်"
" ဟုတ်ကဲ့ပါ ဒေါက်တာ "
ချောကလက်တောင့်လေးတွေကို လက်ထဲ
ထည့်ပေးပြီး ကလေး အဖေဖြစ်သူကို
အပြင်လိုက်ခဲ့ဖို့ရာ မျက်စပစ်ပြလိုက်သည်။
![](https://img.wattpad.com/cover/264513359-288-k325285.jpg)