ᴍɪᴅɴɪɢʜᴛ ɢʜᴏsᴛ

2.4K 217 3
                                    

||Unicode||

" ကဲ ဒီလရောက်လာတဲ့ ကျောင်းသားသစ်
Jeon JungKook , Park Jimin , Jung Hoseok "

" Nae " ×3

" ဒီနေ့ည ကျောင်း စာကြည့်တိုက် သန့်ရှင်းရေး လုပ်ဖို့ တာဝန်ကျတယ် အိပ်ဖို့က အဆောင်မှာအတန်းခေါင်းဆောင် စီစဉ်ပေးလိမ့်မယ် "

" ဟိုလေ တီချယ်...ညနေလုပ်လို့ မရဖူးလားဟင်"

" ဘာလို့လဲ "

" ဟို ဟို စာကြည့်တိုက်က ညဆို သရဲခြောက်တယ်ဆိုလို့ "

ဟိုဆော့ရဲ့ စကားကြောင့် ဂျီမင်းနဲ့ ဂျောင်ဂု မှာ
အသံထွက် မရီမိအောင် ထိန်းထားရသည်။

ဒါပေမယ့် ထိုစကားကြောင့် တီချယ်ရဲ့ မျက်နှာမှာ အနညး်ငယ်ပျက်သွားသလို
အချို့ကျောင်းသားတွေမှာလည်း ကြောက်နေသယောင်။

" မဟုတ်တာတွေမပြောနဲ့ ဂျောင်ဟိုဆော့
ဒါကျောင်းစည်းကမ်းဘဲ ထပ်အတွန့်မတက်နဲ့"

အတန်းပိုင်ရဲ့ ဆူဟောက်သံအဆုံး
မျက်နှာငယ်လေးဖြစ်သွားတဲ့ ဟိုဆော့ကို ကြည့်ပြီး သက်ပြင်းချမိသည်။

သရဲမပြောနဲ့ အကောင်ပိစိလေးတောင်
ကြောက်တက်သော ဗန္ဓုလ အိမ်ဘေး အဖီဆွဲမွေးလာတဲ့ သတ္တိခဲ ဟိုဆော့ပါပင်။

.
.
.

" Yarr....ကျောင်းစာကြည့်တိုက်ကို ညကျမှ သွားရမှာ ဖြစ်သင့်ရဲ့လားစဉ်းစားကြည့်"

" မဖြစ်သင့်ဖူး လုံး၀ဘဲ "

" ငပျင်း နဲ့ ငကြောက်ကတော့ အတိုင်ဖောက်ကိုညီလို့ "

ဂျောင်ကု စကားကြောင့် ဂျီမင်နဲ့ဟိုဆော့မှာ သူ့ကို
ဘုကြည့်ကြည့်လာကြသည်။

" ငါတို့ ဂိမ်းတစ်ခုဆော့ကြမယ်လေ ရှုံးတဲ့သူက
စာကြည့်တိုက်ကို တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ကြေး "

ဟိုဆော့စကားကို ဂျီမင်းက ထောက်ခံသလို
ခေါင်းတဆက်ဆက်ငြိမ့်ပြသည်။

" ရတယ်လေ ဘာဂိမ်းလဲ "

" ကျောက်တုံး ၊ ကတ်ကြေး ၊ စက္ကူ "

" ‌ေြသာ် ခက်ခက် ခဲခဲ ဘဲ "

ထို့နောက် အပြိုင်ဆော့ကြရင်း ရှုံးသွားသူက
ဂျောင်ကုပင် ဘာလို့ဆို Video Gameကိုသာ
ရှယ်ကျွမ်းပေမယ့် ဒါမျိုးဆို ဂျောင်ကုက ညံ့လှသည်။

"sᴡᴇᴇᴛ-ʀᴏᴍᴀɴᴄᴇ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴs "Tempat cerita menjadi hidup. Temukan sekarang